Chapter 82
သူ ရုံးခန်းကထွက်လာသောအခါ ယွီချန်းချန်းနှင့် အခြားမိန်းကလေးနှစ်ယောက်ကို စင်္ကြန်လမ်းတွင် တွေ့လိုက်ရသည်။ ရှုနဉ်က ယွီချန်းချန်းနှင့် အခြားမိန်းကလေးများနှင့် ငြင်းခုံရန် မလိုလားသောကြောင့် လှေကားဆီသို့ လျှောက်သွားကာ တက်လာခဲ့သည်။ သူက ယွီချန်းချန်းနှင့် အခြားလူများ ဖြတ်သွားသည်ကို စောင့်ဆိုင်းရန် ရည်ရွယ်ပြီး ပြန်ဆင်းလာခဲ့သည်။
ပထမနှစ်အလွှာ၏ အထက်က ဒုတိယနှစ်များအလွှာ ဖြစ်သည်။ ရှုနဉ်က လှေကားထစ်အလယ်တွင် စောင့်နေပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်သွားရန် စီစဉ်ထားသည်။သူ ထွက်သွားခါနီးတွင် ကောင်လေး တော်တော်များများ ချဉ်းကပ်လာသည်ကို ကြားလိုက်ရသည်။ သူတို့က သူ့အပေါ်နားတွင် စကားပြောနေကြသည်။
"ယွီချန်းချန်းပြောတာတော့ ဝေ့မင်ကျန်းက ဖိတ်စာကို ဖြဲပစ်လိုက်တယ်တဲ့…သူမှာ ပွဲတက်ရောက်ဖို့ အစီအစဉ် မရှိဘူး…ငါတို့ ဘာလုပ်သင့်လဲ…”
"သူတို့နှစ်ယောက် လာဖို့စီစဉ်နေတယ်လို့ ငါကြားထားတာ ဒါပေမယ့် အဲ့ဒီငတုံး ယွီချန်းချန်းက သွားဆွလိုက်တယ်…သူက ငါတို့ရဲ့ အစီအစဥ်ကို လုံးဝ ပျက်စီးအောင်လုပ်လိုက်တာပဲ…”
ရှုနဉ် အံ့ဩသွားသည်။
ဒါက မဟုတ်သေးပါဘူး…."အစီအစဥ်" လို့ သူတို့ပြောနေတာက ဘာလဲ ….
မင်ကျန်းကို ဘာလုပ်ဖို့ စီစဉ်ထားကြတာလဲ….
ဒုတိယနှစ်အထပ်တွင် ရှိသည့် ကောင်လေးများ အများစုက ဒုတိယနှစ်ကျောင်းသားများသာ ဖြစ်ရမည်။ ဝေ့ရှီမင်းနှင့် ကျန့်ယောင်တို့ကလည်း ဒုတိယနှစ်ကျောင်းသားများ ဖြစ်သည်။
" ဝေ့မင်ကျန်း မလာရင် ငါတို့ မဲဖောက်ပေးရဦးမှာလား…"
"ဒါနဲ့ ပတ်သက်ပြီး ငါတို့ ဥက္ကဌကို မေးရမှာပေါ့…”
ကောင်လေးများက စကားအနည်းငယ်ပြောပြီးနောက် ထွက်သွားသည်။ ရှုနဉ် ဒေါသအပြည့်ဖြင့် အောက်ထပ်ကို တိတ်တဆိတ်ဆင်းသွားလိုက်သည်။" ဝေ့ရှီမင်းက ဗီလိန်လေးကို ကပွဲဘာကြောင့် ဖိတ်ရတာလဲ" ဟူသည့်အကြောင်း သူတစ်ချိန်လုံး တွေးနေခဲ့သည်။ သူ့ထံတွင် ဗီလိန်အတွက် "အစီအစဥ်" ဟူသည်က ရှိနေ သေးသည်ကို ရှုနဉ် ယနေ့မှသိလိုက်ရသည်။
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး