Chapter 116 [EXTRA ]
ထုတ်ဖော်ပြောဆိုခြင်းရှုနဉ်က သူ ဝေ့မင်ကျန်းနှင့် ချစ်သူရည်းစားဆက်ဆံရေးရှိနေသည့်အချက်ကို သူတို့မိသားစုမှ လက်မခံနိုင်မည်ကို အမြဲစိုးရိမ်နေခဲ့သည်။ သူက ထိုကိစ္စနှင့်ပတ်သတ်၍ တစ်နှစ်ကျော်ကြာသည်အထိ ရုန်းကန်နေခဲ့ရပြီး တစ်နှစ်ကျော်ကြာသည်အထိ ဖုန်းကွယ်ထားခဲ့ရသည်။
သူ အရွယ်ရောက်ပြီးသည်နှင့် ဤဆက်ဆံရေးကို လျှို့ဝှက်ထားတော့မည်မဟုတ်ဟု ရှုနဉ် တွေးထားသည်။ ထို့အပြင် သူနှင့် ဝေ့မင်ကျန်း၏ ဆက်ဆံရေးက ပြစ်မှုတစ်ခု မဟုတ်ပေ။ သူတို့ကလည်း တွဲနေကြပြီဖြစ်သောကြောင့် လူသိရှင်ကြားထုတ်ဖော် ပြောလိုက်ရုံသာဖြစ်သည်။
ထို့ကြောင့် ချိုက်ချင်အတွက် ပစ္စည်းများစွာကို ဝယ်ပေးခဲ့ပြီး သူမနှင့် အချိန်အနည်းငယ်ကြာ အချိန်ဖြုန်းပေးခဲ့သည်။ သူမ ပျော်ရွှင်ပြီး စိတ်ကောင်းဝင်နေသည်ကို အခွင့်ကောင်းယူပြီး သူက တိုးတိုးလေးပြောလိုက်သည်။
"ချိုက်ချိုက် သား မာမားကို ပြောချင်တာတစ်ခုရှိတယ်..”
"ဘာကိစ္စများလဲ…”
ချိုက်ချင်က မေးလိုက်သည်။ရှုနဉ်က ရှုယန်၏လက်ထဲသို့ အရုပ်ကားတစ်စီးကို ထည့်လိုက်ပြီး ပြောလိုက်သည်။
"ယန်ယန် အန်တီနဲ့ သွားကစားလိုက်ဦးနော်…”အိမ်တော်ထိန်းက ရှုယန်ကိုခေါ်ပြီး ထွက်သွားသည်။ ဧည့်ခန်းထဲတွင် ရှုနဉ်နှင့်ချိုက်ချင်တို့သာ ကျန်ခဲ့သည်။ ရှုနဉ် တွံတွေးမျိုချလိုက်ပြီး ခေါ်လိုက်သည်။
"မာမား ..."ချိုက်ချင်က သူ၏ ကြောက်ရွံ့မှုကို သတိပြုမိပြီး တဖြည်းဖြည်း ပိုစိုးရိမ်လာသည်။
"သား ဘာကို ပြောချင်နေတာလဲ…”ရှုနဉ် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက်တွင် သူ အချိန်အကြာကြီး ပြင်ဆင်ထားသည့် စကားများကို ထုတ်ပြောလိုက်သည်။
“သား မင်ကျန်းနဲ့ တွဲနေတာ..."ချိုက်ချင် အေးခဲ တောင့်တင်းသွားသည်။
သူမ မည်သည်ကိုမှ မတုံ့ပြန်သောအခါ ရှုနဉ်လည်း တိုးတိုးလေး ထပ်ပြောလိုက်သည်။
"သား တို့ချိန်းတွေ့နေတာ…”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး