Chapter 69
မဒမ်ဝေ့ ရောက်ရှိလာခြင်းရှုနဉ် စိတ်ရှုပ်ထွေးနေရသည်။ သူက ယင်းမင်ကျန်း၏ ကံကြမ္မာကိုပြောင်းလဲပေးချင်သည့်အတွက်ကြောင့် ယင်းမင်ကျန်း၏ သတင်းအချက်အလက်များကို ဝေ့ရှန်ဟဲကိုပေးခဲ့သည်။ ဇာတ်လမ်းက ဤမျှအထိအားကောင်းလိမ့်မည်ဟု သူ မမျှော်မှန်းထားခဲ့ပေ။ သူ အားလုံးလုပ်ပေးခဲ့ပြီးသော်လည်း ဝတ္ထုထဲကအတိုင်းပင် ဝေ့မိသားစုက ယင်းမင်ကျန်း၏ အလယ်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူ့ကလေးလေးက ဝတ္ထုထဲကနှင့် မတူပေ။ ဝတ္ထုထဲတွင် သူက ကျောင်းထွက်ပြီးနောက် အချိန်ပိုင်းအလုပ်များလုပ်ကာ ဆိုးရွားသောကုမ္ပဏီများလက်အောက်တွင်လုပ်ခဲ့သည်။ အခုတွင်မူ သူက အလွန်အထင်ကြီးစရာကောင်းနေပြီဖြစ်၏။
သူ့အနာဂတ်က စာအုပ်ထဲကနှင့် တူလိမ့်မည်မဟုတ်ကြောင်းကို ရှုနဉ်ယုံကြည်သည်။
စာသင်ချိန်လေးချိန်မြောက် စတင်လာသော်လည်း ယင်းမင်ကျန်းက ပြန်မရောက်သေးပေ။ နေ့လယ်ပိုင်းအချိန်အတန်းများပြီးသွားသည်လည်း ပြန်ရောက်မလာသေး။ နောက်ဆုံးတွင်ယင်းမင်ကျန်းပေါ်လာခဲ့ပြီး ရှုနဉ်ကိုပြောလာသည်။ “နေ့လယ်စာ သွားစားရအောင်...”
ရှုနဉ်လိုချင်သည့်အရာ ဘာမှမရှိတော့ပေ။ ယခုချိန်တွင် သူ့ကလေးလေး မည်သည့်အကြောင်းများတွေးနေသည်ကိုသာ သိချင်နေမိသည်။
ဝမ်ရှန်ရှန်၊ လုံချောင်နှင့် စုန့်နျန်တို့ကလည်း ပျော်ရွှင်စွာ စကားပြောဆိုကြရင်း သူတို့နောက်မှ လိုက်လာကြသည်။ သူတို့က ကန်တင်းကိုအတူတူသွားကြရန် စီစဉ်ထားကြသော်လည်း ယင်းမင်ကျန်းက လှည့်ကြည့်လာပြီး သူတို့သုံးယောက်ကို ပြောလာသည်။
“ငါနဲ့ ရှုနဉ်က အပြင်မှာ သွားစားကြမလို့ မင်းတို့ကတော့ ကြိုက်တာလုပ်ကြ...”အတူတူရှိလာသည့်အချိန်က ကြာမြင့်နေသည့်အတွက်ကြောင့် ဝမ်ရှန်ရှန်နှင့် လုံချောင်တို့က ယင်းမင်ကျန်းကို မကြောက်ကြတော့ဘဲ မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။
“မင်းတို့က ဘာလို့ ငါတို့မပါပဲသွားမှာလဲ ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား...”
YOU ARE READING
[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)
Teen FictionTitle- Description All credits to Original author and E -translators . only unicode Zawgyi ဖတ်ချင်တဲ့ သူတွေအတွက် IQ Team ရဲ့ tele channel မှာ pdf file တင်ပေးထားပါတယ် ဖတ်ပေးကြပါဦး