Chapter 102

1.2K 178 2
                                    

Chapter 102
တိတ်ဆိတ်ခြင်း၏ အရိပ်အယောင်

ဝေ့မင်ကျန်းက လီယုံးနာ့၏ အခန်းမှ ထွက်လာပြီး နောက် Darker ထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်- [ကျွန်တော် ပေကျင်းကို ရောက်နေပြီ..ခဏလောက်ဆုံကြရအောင်…]

Darker က မြန်မြန်ပြန်ဖြေသည်- [မင်း ‌ပေကျင်းမှာလား..ကောင်းတယ်…မင်းက အရွယ်ရောက်ခါနီးနေပြီ မဟုတ်လား..မြန်မြန်လာ ငါ့ရုံးမှာ အလုပ်စလုပ်သင့်တယ်...ငါတို့ VR နည်းပညာကို တိုးတက်အောင် လုပ်တာနဲ့ စလို့ရတယ် ...လူချင်းတွေ့ပြီး ထပ်ပြောကြရအောင်…]

ရှီတာကီမှိုစားရတာကြိုက်တယ်- [VR ပရောဂျက်ရဲ့ စိတ်ကူးပုံဖော်ခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ အရင်အတိုင်းပါပဲ…]

Darker : [အရမ်းခေါင်းမာတာကို ရပ်နိုင်မလား…ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံနေတာ နှစ်ဝက်လောက်ရှိနေပြီ…ငါက ပရောဂျက်ခေါင်းဆောင်ဆိုတော့ အကြောင်းအရာတွေနဲ့ အရင်းနှီးဆုံးက ငါပဲလေ…ဒါ့ကြောင့် ငါက နောက်ဆုံးပြောရေးဆိုခွင့် ရှိသူပဲ]

Darker: [ပရောဂျက်ရဲ့ လမ်းညွှန်ချက်ကို ငါ တာဝန်ယူမယ်…မင်းကတော့ ငါ့စကားကို နားထောင်ဖို့ပဲလိုတယ်…ငါ့အတွက် လာပြီး အလုပ်လုပ်စမ်းပါ...ငါ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်တာ သေချာတယ်..]

Darker : [ မင်း အသက်ဆယ့်ငါးနှစ်လောက်မှာပဲ နာမည်တစ်ခု ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ ငါသိတယ်…ဒါပေမယ့် မင်းထက်သာတဲ့သူတွေ အမြဲရှိနေနိုင်တယ်ဆိုတာကို သတိထားရမယ်…နည်းပညာအပြင် လုပ်ငန်းကိစ္စတွေကလည်း ရှိသေးတယ် …မင်းရဲ့ စွမ်းအင်အကုန်လုံးကို နည်းပညာအပေါ်မှာပဲ ပုံအပ်ထားလို့မရဘူး…ကမ္ဘာကြီးက ဘယ်လိုလည်ပတ်လဲဆိုတာကိုလည်း မင်းသိထားဖို့လိုတယ်… ပိုက်ဆံက ဘုရင်ပဲ…ပိုက်ဆံမရှိရင်၊ နည်းပညာအသစ်တွေကို တီထွင်နိုင်မှာမဟုတ်ဘူး… မင်းက အရမ်းငယ်သေးတော့ သိပ် နားမလည်လောက်ပါဘူး…ဖေးမာကျို့ကို ရောက်တာနဲ့ ကောင်းကောင်း စကားပြောကြရအောင်…ပြီးရင်တော့ မင်းလည်း နားလည်သွားမှာပါ…]

ရှီတာကီမှိုစားရတာကြိုက်တယ်- [အိုး…]

ဝေ့မင်ကျန်း က သူ့ဖုန်းကို ဘေးဖယ်လိုက်သည်။ သူ Darker နှင့် ဆက်ပြီးစကားများရန်  စိတ်မ၀င်စားပေ။ လူတစ်ယောက်က ငယ်ရွယ်စဉ်အချိန်တွင် မယုံနိုင်အောင် ကျွမ်းကျင်ပြီး အောင်မြင်လာလျှင် သူတို့က တဇွတ်ထိုးဆန်ပြီး ခေါင်းမာနိုင်ခြေ ပိုများသည်။

[COMPLETED]သနားစရာဗီလိန်လေးကို ကယ်တင်ခြင်း (ဘာသာပြန်)Where stories live. Discover now