Part 2

15K 637 32
                                    

[ Pain..You made me a..You made me a.. believer... believer]

"ပြောဘာလဲ..."

"အ‌ခြေအနေဘယ်လိုလဲ"

"ဘာကိုလဲ ငါ‌ခုမှရေချိုးပြီးတာနော် အင်္ကျီတောင်မဝတ်‌ရသေးဘူး လေဖြတ်ရင်မင်းတာဝန်ယူရမှာ။"

"လေဖြတ်တော့ကောင်းတာပေါ့။ မင်းအမွေတွေအပိုင်သိမ်းလို့ရတာပေါ့"

"မင်းအပိုင်သိမ်းချင်ရင် ငါသေရုံနဲ့တော့မရဘူး ငါ့ဒယ်ဒီကိုယူမှရမှာ"

"မင်းမေလင် ကိုယူပါ့လား"

"အေးလေ ငါ့ဒယ်ဒီပါဆိုငါ့‌အမေရဲ့လင်မဟုတ်လို့ မင်းလင်လား"

"တော်စမ်းပါ ငါမေးတာသာဖြေ မင်းရဲ့ကားကိစ္စက အခြေအနေဘယ်လိုရှိလဲ ဦးသိသွားလား"

"No.ဒယ်ဒီ ဒီရက်ပိုင်းအိမ်ပြန်မလာဘူး အဲ့ဒါကြောင့်ငါဝက်ရှော့ကိုပို့ထားတယ်"

"အော်...ဒါနဲ့မင်းကားက ဆေးနည်းနည်းပွန်းပြီးမီးသီး‌တစ်လုံးပဲကွဲတာကို ဘာကိစ္စ သိန်းငါးရာတောင်းလိုက်တာလဲ အားနာစရာကြီး ငါကမင်းတင်းပြီးမတောင်းဘူးမှတ်နေတာ မင်းတောင်းတော့ငါ့မှာမျက်နှာတွေပူလို့"

"အချိုးမပြေလို့ကိုတောင်းတာကွာ အဲ့ကောင်ကိုငါမှတ်ထားတယ် တွေ့တာနဲ့သတ်မှာ"

"မင်းကသူ့ကိုသတ်ရအောင်မြင်တောင်မမြင်ဘူးဘဲနဲ့"

"မမြင်ရလဲအနံ့မှတ်မိတယ် ငါတို့ကားမှန်သွားခေါက်တုန်းကအနံ့ရလိုက်တယ်"

"မင်းကဘာအနံ့ရတာလဲ ငါတော့ဘာမှမရပါဘူး သူကကားပေါ်ကမှမဆင်းတာ မင်းရတဲ့အနံ့ကဦးလေးကြီးအနံ့ဖြစ်နေပါဦးမယ်"

"အဲ့ဦးလေးကြီးက betaလေမင်းမမြင်ဘူးလား။ ငါသေချာတယ် အဲ့ကောင်ရဲ့အနံ့ဆိုတာ"

"ဘာအနံ့လဲငါ့ကိုပြောပြ .....ဟဲ့ရောင်ခဏလေးသီရိငါ့ကိုဖုန်းခေါ်နေတယ်ကွဒါပဲနော်" ]

"အော် သူ့မယားဖုန်းဆက်တာနဲ့ တန်းကနဲပဲ ငါ့ကိုပလစ်တာ .....ဘာအနံ့လဲတဲ့။ ဟက် မင်းတွေ့ရမှာပါကွာ အဲ့ကောင်ကိုငါဘယ်လိုအရည်ခွံစုတ်မလဲဆိုတာ"

___________

["Hello.သီရိ ဘာကိစ္စရှိလို့လဲဟင်..."

"ကိုကိုသီရိကိုကယ်ပါဦး သီရိဒုက္ခရောက်ပြီကိုကိုရဲ့"

LOVE POISON { Season 1 }Where stories live. Discover now