ကျွန်တော် Omega အဖြစ်အပြည့်အဝပြောင်းလဲသွားတဲ့နေ့တည်းက Rue ကသိသွားခဲ့တာ။သူကတော့ ဦးဝဏ္ဏမင်းကိုဖြစ်ဖြစ် ကျွန်တော့်အိမ်ကိုဖြစ်ဖြစ်အသိပေးပြီး အကူအညီတောင်းကြည့်ဖို့ပြောတယ်။ကျွန်တော်ကတော့ဘယ်သူ့ကိုမှမပြောချင်ပါဘူး။ပြောဖို့လည်းအစီအစဉ်မရှိခဲ့ဘူး။ပြောလိုက်ရင်အားလုံးပိုရှုပ်သွားမှာသေချာတယ်။
ကျွန်တော့်စိတ်ကျန်းမာရေးကလည်းပိုဆိုးလာတာလား ပုံမှန်ပဲလားမပြောတက်တော့ပါဘူး တိုးတက်မှုမရှိတာတော့သေချာတယ်။"ဟဲ့ ငါတို့bossရဲ့အတွင်းရေးမှူးက သူ့သမတ်ဆိုတာဟုတ်လား"
"အေးလေ ဟုတ်တယ်။မင်းမသိဘူးလား"
"သူ့ကိုငါသိတယ်။အဲ့ကောင်ကအကျင့်မကောင်းဘူး"
"ဟဲ့နင်ကဝန်ထမ်းသစ်နော်။ပေါက်ကရတွေလျှောက်ပြောလို့အလုပ်ထုတ်ခံနေရဦးမယ်။"
"အော်ငါတကယ်ပြောတာ သူကငါနဲ့ကျောင်းတူတူတက်ခဲ့တာ သူကငါ့ဂျူနီယာ"
"ဟမ်!တကယ်"
"ဟုတ်တယ် သူကသူ့သူငယ်ချင်းအရင်းကြီးရဲ့ကောင်လေးကိုလုတာနော် အရမ်းယုတ်မာတာ သူငယ်ချင်းကိုလည်းသူပဲထောင်ချောက်ဆင်ပြီး ချောက်တွန်းတာ။"
"ဟဲ့စိတ်ညစ်စရာကြီးပေါ့"
"အဲ့တာပြောတာပေါ့။ Boss ရဲ့သားကလေ သူ့သူငယ်ချင်းရဲ့ ကောင်လေး အဲ့တာသူလုတာ။ငါပြောပြမယ်ကွာ အဲ့ကောင်ကလေ သူ့သူငယ်ချင်းပေးစာကမ်းစာနဲ့စားသောက်လာတာ။အေးပေါ့လေ ကျေးရှိမှကျေးစွတ်တယ်ဆိုတဲ့စကားပုံလည်းရှိတယ်မလား"
"ဟယ်...အဲ့လိုသူမျိုးနဲ့တော့အဆက်အဆံမလုပ်ချင်ပါဘူး"
"ဟုတ်တယ် ဝေးဝေးသာနေ ဟောပြောရင်းဆိုရင်းဟိုမှာလာပြီ"
"ကိုမျိုးသစ်! အကိုကဝန်ထမ်းသစ်ဆိုတာလား။မတွေ့ရတာတောင်ကြာပြီနော်။"
"အော် အေး"
"အဆင်ပြေရဲ့လား။"
"ပြေပါတယ်။"
"အဆင်ပြေရင်ပြီးတာပဲ။အဆင်မပြေတာရှိရင်ပြောနော်"
"အေးပါ ဒါနဲ့မင်းဘာလို့ကျောင်းဆက်မတက်တာလဲ"