"ဟဲ့ရောင် မင်းရေမွှေးတွေဆွတ်ထားတာလား။"
"အေးလေ ဘယ်လိုလဲမွှေးလား။"
"အေးမွှေးတယ် မွှေးတာမှမွှန်နေတာပဲ။"
"ဟုတ်လား ငါရေမွှေးဆွတ်တာ အရမ်းများသွားလို့လား"
"မင်းဟာက တစ်ဘူးလုံးများမှောက်လာသလားအောက်မေ့ရတယ်။ မင်းပြောတော့ကြတော့ ငါ့ရဲ့ pheromone နံ့နဲ့တင်လုံလောက်နေလို့ အေးဆေးပါပဲဆို "
မဲ့ကာရွဲ့ကာပြောနေတဲ့ သုတ ဆိုတဲ့နွားကိုသုံးလေးချက်လောက်ဖြတ်ရိုက်ချင်နေပြီ။
"ဟဲ့ရောင် pheromone နံ့တွေ မတရားသွားလွှတ်မှတော့ကျောင်းမှာ ပြဿနာတွေတက်ကုန်မှာပေါ့ ငါလည်းပိုများမွှေးမလားလို့ဆွတ်ကြည့်တာပေါ့ဘာဖြစ်"
"အမယ် မင်းတစ်ယောက်ယောက်ကိုသဘောကျနေပြီမလား"
"ဟာ....မဟုတ်ပါဘူးကွာ"
"ငါတော့မယုံဘူး မင်းသေချာပေါက်တစ်ယောက်ယောက်ကိုသဘောကျနေပြီဆိုတာသေချာတယ် ငါမရှိတဲ့တစ်ရက်လေးအတွင်းနော် ဘယ်သူလဲ"
"ဘယ်သူမှမဟုတ်ပါဘူးဆိုနေ"
"ဟဲ့ရောင် မင်းမျက်နှာကြီးနီလာပြီကွ "
ပြောလိုက်တာနဲ့ သူ့မျက်နှာသူမှန်ထဲအမြန်ပြေးကြည့်ပါလေရော။
"မဟုတ်ပါဘူးကွာမင်းကပေါက်ကရတွေ"
"ခဏနေစမ်းပါဦး.....ငါသိပြီ!သေချာပေါက် ကျောင်းသားသစ်omegaလေးမလား....ဝိုးးးးးငါ့သူငယ်ချင်းကြီးတော့ ရည်းစားရတော့မယ်။"
"ဟာ..မင်းကလည်း မပြောနဲ့ရှက်တယ်ကွ"
"အမယ် လူကြည့်တော့ဂေါ်ဇီလာလောက်ကို ရုပ်ကြမ်းကြီးနဲ့နွဲ့မနေနဲ့ ကြိုက်ရင်ကြိုက်တယ်ပေါ့။"
"တော်တော့လို့....ငါရှက်လာပြီ။"
"ရွံစရာကောင်းလိုက်တာကွာ ရှက်နေတဲ့ရုပ်က ငါးခူကိုကားတက်ကျိတ်တဲ့ရုပ်နဲ့ "
"ဟာ...တော်တော့လို့..."
"မင်းရဲ့ coffee နံ့ pheromone တွေ နဲ့မြူဆွယ်လိုက်လေ။"
"မင်းသေတော့မယ်..."
"ဟားးးဟားးးဟားးး"
"မင်းကငါ့ကို coffee နံ့ pheromone လို့ပြောရအောင် မင်းအနံ့ရဖူးလို့လား "