"အူဝဲ!!!!!!အူဝဲ!!!!!!!!အူဝဲ!!!!!!!!"
"ကလေးတွေငိုနေပြီ သုတ!!! သူတို့ရဲ့နို့ဘူးရော!"
"လာပြီ လာပြီ ဦး!!!!!"
"လာပြီဖိုးဖိုး!!!!!ဒီမှာ ရော့!! ညီလေးရေတတ်တော့နော်!!!"
" ခုမှပဲတိတ်တော့တယ်။ နို့နဲ့ပါးစပ်နဲ့ကိုမပြတ်ဘူး...ဖက်တီးလေးတွေ ဖြစ်တော့မှာပဲ...."
ဒေါက်! ဒေါက်! ဒေါက်!
"သုတရေ အန်တီတို့လာတယ်..."
"အော် အေးငါလာပြီ Rue..."
"နို့ဘူးကုန်မှ ဦးချီလာလိုက်မယ်သုတ..."
"ဦးနှစ်ယောက်လုံးနိုင်လို့လား..."
"ရတယ် သုတ....ရှေ့ကသွားနှင့်"
"ထိပ်ထိပ်လာ ဖေဖေနဲ့ လိုက်ခဲ့..."
"ညီလေးတွေနဲ့မှ လာမှာ...."
"လာ....ဖိုးဖိုးကခုချီပြီးဆင်းလာမှာ ဖေဖေ့ဆီလာ..."
"ဟွန့်!"
မြေးလေးလက်ဆွဲပြီး ဆင်းသွားတဲ့ သုတကို ကြည့်ပြီး ပြုံးမိတယ်။ ခုဆို သူ့အတွက် မဟာမျိုးဆက်လေးတွေ မွေးပေးတာ သုံးလရှိပြီ။ကလေးတွေ မွေးခါစက သူကိုယ်တိုင်နို့တိုက်လို့မရဘူးဆိုပြီး ငိုကြီးချက်မဖြစ်သေးတယ်။ သူကbeta ကနေomega ပြောင်းတာဆိုတော့ နို့ထွက်လောက်တဲ့ထိ ဟော်မုန်းမလုံလောက်ဘူးလေ။ အဲ့တုန်းက သူ့ကိုယ်သူ အဖေမပီသဘူးဆိုပြီး အပြစ်တွေတင်လို့ တစ်အိမ်လုံး ဝိုင်းချော့ရသေးတယ်။ ခုတော့ ကလေးတွေက နို့ဘူးနဲ့ အဆင်ပြေနေပါပြီ။ ကလေးတွေ နို့စို့သန်ပုံနဲ့တော့ နို့ဘူးနဲ့က ပိုအဆင်ပြေပါတယ်လေ။ နမို့ဆို သုတ တော်တော်ပင်ပန်းမှာ။"
-
-
-
"အမေ! အဖေ! ရတနာ!"