"သုတ...ကလေးတွေ အိပ်သွားပြီလား...."
"ဟုတ်ကဲ့ ဦး..."
"ဦးခုနက ဝင်ပါသလိုဖြစ်သွားရင်တောင်းပန်ပါတယ်...."
"ကျွန်တော်လည်း ဦးအပေါ်ရိုင်းမိတာ တောင်းပန်ပါတယ်...."
ခုဆိုကလေးသုံးယောက်က တစ်ခန်းအိပ်ကြတာ။ ထိပ်ထိပ်လေးက ကျန်တာတွေသာဆိုးတာ သူ့ညီတွေနဲ့ပတ်သတ်ရင်တော့
တော်တော်အားကိုးရတယ်။"ဦး....."
"လာ ဦးဆီ....."
သုတ ဦးရင်ခွင်ထဲကိုသာ ဝင်တိုးပြီး အိပ်လိုက်တယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ ဦးရင်ခွင်ထဲ ရှိနေတဲ့ အချိန်ဆို အရမ်းနွေးထွေးတယ်။
"သုတ...."
"ဟွန်....."
"အရမ်းပင်ပန်းလား...."
"မပင်ပန်းပါဘူး ဦးရယ်..."
"ကလေးထိန်းခေါ်ပါလား..."
"မခေါ်ပါဘူး ကလေးတွေကို ကိုယ်ကိုယ်တိုင်ထိန်းတော့ ပိုရင်းနှီးတာပေါ့.."
"ဟုတ်ပါတယ်လေ.........သုတ..."
"ဟွန်....."
"ဒီည အဆင်ပြေနိုင်မလား..."
"အွန်း........"
ဦး ဘာကိုဆိုလိုလဲဆိုတာသူသိတယ်။သူပင်ပန်းနေပေမယ့် ဦးရဲ့အထိအတွေ့ကို သူလိုချင်တာကြောင့် ချက်ချင်းပဲ ခွင့်ပြုပေးလိုက်တယ်.....သူ့ဆီကခွင့်ပြုချက်ရတာနဲ့ ဉီးက သူ့အပေါ်အုပ်မိုးလာတယ်။ သုတ ဦးရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကို သေချာကိုင်ကြည့်မိတယ်။
စူးရှလွန်းတဲ့ မျက်ဝန်းတွေ၊စင်ယော်တောင်ပုံစံရှိတဲ့ မျက်ခုံးထူထူတွေ၊မထူလွန်းမပါးလွန်းပဲ သေသပ်လွန်းတဲ့နှုတ်ခမ်းတွေ၊ လိုက်ဖက်စွာတည်ရှိနေတဲ့ နှာတံစင်းစင်း နဲ့ ဦးရဲ့မျက်နှာမှာ ခပ်ပါးပါးရှိနေတဲ့ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွှေးနဲ့ပါးသိုင်းမွှေးလေးတွေ...အားလုံးကို သူစွဲလမ်းနေမိပြီ.....
သူ့ကိုခုလို အုပ်မိုးထားတဲ့အချိန်ဆို သေလောက်အောင် ဆွဲဆောင်မှုရှိတယ် ဦးရယ်...."ကြည့်လို့ဝပြီလား..."
"ဟင့်အင်း...ဦးရဲ့မျက်နှာကို တစ်သက်လုံးထိုင်ကြည့်ချင်တာ.....ဦးကဘာလို့အဲ့လောက်ထိ ချောပြီးခန့်ညားနေရတာလဲ..."