Flash Back 🔙
"နွယ်နီရယ် မောင် မောင်းပါမယ်ဆို"
"မွေးနေ့ရှင်ကို ဘယ်အပင်ပန်းခံခိုင်း လို့ရမလဲ နွယ်နီပဲမောင်းမယ်"
"ဟုတ်ပါပြီဗျာ"
"မောင်! နွယ်နီတို့ဒီနေ့ဘယ်ကိုသွားကြမလဲ။မောင်းသာမောင်းလာတာ ဘယ်သွားရမှန်းမသိဘူး"
"နွယ်နီ သွားချင်တဲ့နေရာသွားလေ။နွယ်နီ ဘယ်သွားချင်လည်း"
"အော်..မောင်ရယ် မောင့်မွေးနေ့ပါဆို မောင်သွားချင်တဲ့နေရာကိုပြောလေ"
"မောင်အဆင်ပြေပါတယ်....အိမ်မှာ နေသစ်လေးတော့စိတ်ကောက်နေတော့မှာပဲ။"
"ဟုတ်တယ်နော်။ဒါပေမယ့် သူ့ကိုခဏထားခဲ့မှပဲလေ နမို့ဆိုသူ့ထိန်းနေရတာနဲ့ မလွယ်ဘူး ညကြမှ သားလေးနဲ့ ကိတ်ခွဲလိုက် "
"နွယ်နီကတော့နော် အကြံကောင်းတွေထွက်နေတယ်ပေါ့"
"ဒါမျိုးဆို ဦးနှောက်ကသိပ်ကောင်းတာလေ"
"ဟားးးဟားးး"
မင်္ဂလာရှိစွာနဲ့ ရယ်သံတွေလွင့်နေတဲ့ ကားလေးတစ်စီးကနေ အမင်္ဂလာကားတစ်စီးဖြစ်သွားမယ်ဆိုတာတော့ သူတို့ဘယ်သိပါ့မလဲ။
"နွယ်နီ ကားးးး"
ကျွီ!!!!!!!!!!!!!ဒုန်းးးးးးးး!!!!
လမ်းအချိုးလေးမှာ မိမိဘက်သို့အရှိန်ပြင်းစွာဝင်လာတဲ့ ကားကြီးကို တွေ့လိုက်တာကြောင့် အော်လိုက်ပေမယ့် နွယ်နီကကားကိုတစ်ပတ်လည်စေကာ မိမိနေရာအား သူ့ကိုယ်သူအစားထိုးလိုက်မယ်လို့ ဘယ်သူထင်မှာလဲ။
နောက်ဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းက အနီရဲရဲ
မြန်မာဝတ်စုံကိုဝတ်ထားပြီး ကျက်သရေရှိစွာ လှပနေတဲ့နွယ်နီနဲ့ သူ့ဝတ်စုံကိုထင်ဟက်နေစေတဲ့ အနီရောင်သွေးတွေ။ ထို့နောက်မှာတော့ မျက်လုံးအစုံဟာမှိတ်သွားခဲ့တယ်။ ပြန်သတိရလာခဲ့တဲ့အချိန်မှာတော့ သူမမရှိတော့ကြောင်းသိလိုက်ရတယ်။ အဲ့နေ့ကတော့ လောကကြီးက သူ့ကိုမွေးနေ့လက်ဆောင်မပေးတဲ့အပြင် သူ့ဆီကပါ သူချစ်ရတဲ့သူကို ပြန်လုယူသွားခဲ့ပါတယ်။Flash Back End 🔚
ဆေးရုံရောက်လာပြီမို့ ကားပေါ်ကနေ သုတရဲ့
ခန္ဓာကိုယ်လေးကို အမြန်ပွေ့ချီကာ ဆေးရုံထဲကိုပြေးသွားလိုက်တယ်။ သွေးတွေရွှဲနေတဲ့ လူနာကိုမြင်တဲ့ ဆရာဝန်နဲ့ သူနာပြုတွေဟာ ချက်ချင်းပဲ အုံလာကြတယ်။