ဒေါက်!ဒေါက်!ဒေါက်!
"ဝင်ခဲ့ပါ"
"Rue မောင်လေး...."
"အော်မယုယု ဘာကိစ္စရှိလို့လဲခင်မျ"
"အပေါ်ထပ်က မဟာကုမ္ပဏီပိုင်ရှင် ရောက်နေတယ်။"
"ဗျာ!"
"ဟုတ်တယ်မောင်လေးရဲ့ သူကသူဌေးနဲ့တွေ့ချင်လို့တဲ့"
အမှန်တိုင်းပြောရရင် ကျွန်တော်ရင်မဆိုင်ရဲဘူး။ ကြောက်တယ်။ ဒယ်ဒီကလည်းမရှိဘူး။ကိုမိုက်ကယ်ကလည်း တော်တော်ကြာကြာခွင့်ယူဦးမှာ။ဒုက္ခပါပဲ။
"မောင်လေး မရှိဘူးလို့ပြောလိုက်ရမလား။"
"ဟို...."
ဘာပဲဖြစ်ဖြစ်ရင်ဆိုင်လိုက်တာပဲကောင်းပါတယ်။ ငါ့ရဲ့ကုမ္ပဏီထဲထိလာပြီးတော့ မရိုက်လောက်ပါဘူး။
"လွှတ်လိုက်ပါအမ"
"အဆင်ပြေပါ့မလား"
"ပြေပါတယ်"
"အဲ့ဒါဆိုအမလွှတ်လိုက်မယ်နော်"
"ဟုတ်ကဲ့"
-
-
-"bossက ဝင်လို့ရပါပြီတဲ့"
"Ok!"
-
-
-
Rue မိမိနေရာမှာသာစိတ်ကိုအတည်ငြိမ်ဆုံးထားပြီးထိုင်နေလိုက်တယ်။ကျွီ!!!
Rueထင်တာက အန်ကယ်ဦးသူရိန်လာတယ်ထင်နေတာ။ တကယ်လာတာက နေသစ်ပဲ။
တည်တည်ငြိမ်ငြိမ်ထိုင်မယ်ဆိုတဲ့ ခြေထောက်တွေကလည်း လူမြင်တာနဲ့ တန်းပြီးထရပ်မိရော။"နေသစ်!"
"မင်းအဖေရော"
"ဒယ်ဒီ နေမကောင်းလို့ ကုမ္ပဏီကိုမလာဘူး"
"Really! နေမကောင်းဘူးတဲ့လား အော်....."
"မင်းဘာကိစ္စလာတာလဲ"
"ရော့!"
"ဖိတ်စာ..."
"ဟုတ်တယ် ဒယ်ဒီနဲ့သုတရဲ့မင်္ဂလာဆောင်"
"ဟမ်း ငါတို့အိမ်ကသွားတာမှနှစ်ပတ်လောက်ပဲရှိသေးတယ်လေ"
"အဲ့တော့ ဘာဖြစ်လဲ။ဘာလဲ ယောက်ျားဟောင်းကိုလွမ်းနေတာလား။"
"မဟုတ်ပါဘူး။ ငါသုတကို ငါ့အကိုအရင်းတစ်ယောက်လိုပဲ ချစ်တာပါ။"