"လူနာက သွေးလန့်ပြီး သတိမေ့နေရုံပါပဲ။ အဟာရပြတ်နေတာလဲပါတယ်။ ဆေးလည်းသွင်းထားတာမို့ ခနနေရင်နိုးလာလိမ့်မယ်နော်။ အဲ့ကျရင် အိမ်ပြန်ခေါ်သွားလို့ရပါပြီ။
ဒီဘက်ကတစ်ယောက်က အိမ်ပြန်လိုက်ပါလား ကိုယ်ဝန်နဲ့ဆိုတော့ လူနာမစောင့်သင့်ဘူး။ ကိုယ်ကိုယ်တိုင်လည်း အာဟာရပြတ်နေတာနော်။ ရေမိုးချိုးသန့်စင်ပြီး လန်းအောင်နေ။ အာဟာရရှိတာစား။ အဲ့ကျမှ ကလေးအတွက် စိတ်ချရမှာ""ဟုတ်ကဲ့ ဆရာ"
"အေး အဲ့ဒါဆိုလည်း ဆရာ့ကို ခွင့်ပြုဦးနော်"
"ဟုတ်ကဲ့"
"သုတ စိတ်ချရပြီတဲ့ အိမ်ပြန်ရအောင်။ နေသစ်တို့လည်းရှိနေတာပဲ။"
"ဟုတ်သားပဲ မင်းပြန်လိုက်ပါ။ မင်းပုံကြည့်ရတာ မျော့မျော့ပဲရှိတယ်။ မင်းပါမူးလဲရင် ဘယ်လိုလုပ်မလဲ။"
"သုတ ပြန်လိုက် ငါလည်း ငါ့သားကို စောင့်ပေးမှာ။"
"Rue သတိရမှပြန်ချင်လို့ပါနော်။ ဦးရယ် လုပ်ပါ။ ကျွန်တော့်ကြောင့်သာ သူ..."
"မငိုနဲ့ သုတ မပြန်ချင်ရင် မပြန်နဲ့။ ဒါပေမယ့် ခန္ဓာကိုယ်ကိုတော့နည်းနည်းသန့်စင်ပြီး အစားတစ်ခုခုစား။"
"ဟုတ်ကဲ့.."
"ဆေးရုံမှာ အများသုံးရေချိုးခန်းရှိတယ်။ သွားသုံးလိုက်! သုတ မင်းနေရာသိပါတယ်။သွားသွား။"
"ဦးလိုက်ခဲ့မယ်။"
"ဟုတ်ကဲ့ ဦး..."
ဦးသူရိန်နဲ့ သုတတို့ထွက်သွားတဲ့ အချိန်မှာတော့ အခန်းထဲမှာ ဦးဝဏ္ဏမင်းနဲ့ နေသစ်တို့ပဲ ကျန်ခဲ့တယ်။
"ဦးဝဏ္ဏမင်း အိမ်ပြန်နားပါလား။"
"မနားပါဘူး ငါ့သားကိုစောင့်ပေးဦးမှာ"
"ခင်များကအိုနေပြီလေ။"
"ဘာကွ! ငါ့ရုပ်က အိုတဲ့ ရုပ်လား။မင်းနဲ့ယှဉ်ရင်တောင် ငယ်ပုံပေါ်တယ်။"
"ခင်များ!!! ကျွန်တော့်ဒယ်ဒီနဲ့ပဲ ယှဉ်ကြည့်လိုက်။"
"သူရိန်မဟာကို မင်းတောင်ယှဉ်နိုင်လို့လား။
မင်းသူ့သားသာဖြစ်တာ သူ့ခြေမှုန့်တောင်မမှီဘူး"