ထိုနေ့က သူ့ကမ္ဘာကြီးပြိုကျတဲ့နေ့။ Cordelia ကမွေးခါနီးနေပြီမို့ ဒယ်ဒီကအပြင်လုံးဝမထွက်ခိုင်းခဲ့ဘူး။ သူအပြင်မထွက်ရတာ နှစ်လကျော်နေပြီ။ သူသူ့အပြုံးပိုင်ရှင်လေးနဲ့လည်း အဲ့နှစ်လကျော်အတွင်းလုံးဝမတွေ့ရပါ။ သူလွမ်းနေရသလို ကောက်ရလေးကရော သူ့ကိုလွမ်းနေမလားလို့ သူတွေးမိတယ်။ သူ့အတွေးဟာသိပ်မှန်ခဲ့တယ်။ ကောက်ရလေးက သူ့ကိုသိပ်လွမ်းနေခဲ့တာ။လွမ်းလွန်းလို့ တစ်ခါမှသူ့အကြောင်းတောင်မမေးဘူးတဲ့ ကောင်လေးဟာ သူ့အိမ်ထိဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလိမ့်မယ်လို့ သူဘယ်ထင်မှာလဲ။
"ကျွန်တော် အပြင်သွားရမယ် ဒယ်ဒီ။"
"မင်းအိမ်ထဲကတစ်လှမ်းပဲလှမ်းကြည့်လိုက်လေ မင်းအကောင်တစ်ခါတည်းအသက်ပျော်သွားမယ်မှတ်"
"ကျစ်! ဒယ်ဒီရာ...."
"အိမ်ရှင်တို့!!!အိမ်ရှင်တို့!!!"
ခြံရှေ့ကကြားလိုက်ရတဲ့ အော်သံကြောင့် ဝဏ္ဏမင်းရဲ့ ကျောတွေတောင့်တင်းသွားခဲ့တယ်။ သေချာပေါက် ကောက်ရလေးရဲ့ အသံလေးမလား။
"ကောက်ရ...."
"မင်းမသွားနဲ့ ဝဏ္ဏမင်း!!"
"သွားမှာပဲဗျာ..."
"ဝဏ္ဏမင်း!!!!"
-
-
-
"သားလေးဘယ်သူနဲ့ တွေ့ချင်လို့လဲဟင်""သား အကိုဝဏ္ဏမင်းနဲ့တွေ့ချင်လို့ပါ။"
"အော် သခင်လေးနဲ့တွေ့ချင်တာလား။ ခနစောင့်နော် ဘဘကြီးသွားခေါ်ပေးမယ်။"
"ကောက်ရ!!!!!"
"သခင်လေး..."
"အကို...."
"ခနလေးနော်....အကိုထွက်လာခဲ့မယ်။
ဦးဘမောင် ကျွန်တော်အပြင်ခနသွားလိုက်ဦးမယ်""မသွားနဲ့!!!!!"
"ဒယ်ဒီ!"
"ဘမောင်!!!အဲ့တံခါးကို မဖွင့်ပေးနဲ့!"
"အကို...."
"ခနလေးနော် ကောက်ရ...ဒယ်ဒီ ဘာလုပ်တာလဲ။"
"ငါဘာလုပ်တာလဲ မင်းမြင်ဘူးလား။ ဟိုတစ်ယောက် ဘာကိစ္စလာတာလဲ"
"ကျွန်...ကျွန်တော်...အကို့ကို ပြောစရာလေးရှိလို့ပါ။"
"ငါ့ရှေ့မှာပြော!"