3နာရီလောက်အကြာမှာတော့ ခွဲခန်းတံခါးကပွင့်လာတယ်။ခွဲခန်းထဲကဆရာဝန်တွေထွက်လာတာမြင်တာနဲ့ ဦးသူရိန် မတ်တပ်ရပ်ပြီးသာကြည့်နေမိတယ်။ ပုံမှန်ဆိုပြေးပြီး အခြေအနေမေးရမှာဆိုပေမယ့် အကယ်၍ မကောင်းတဲ့သတင်းသာဖြစ်နေရင်ဆိုတဲ့အတွေးက သူ့ကိုမတ်မတ်သာရပ်နေစေတယ်။
"လူနာရဲ့အုပ်ထိန်းသူမလား"
"ဟုတ်...ဟုတ်ပါတယ်"
"ဘယ်လိုဖြစ်ပြီးရပ်ကြည့်နေတာတုန်း ဘာသတင်းမှမမေးတော့ဘူးလား"
"ကျွန်.....ကျွန်တော်"
ဆရာဝန်ပုံကြည့်ရတာ မိမိထက်အနည်းငယ်အသက်ကြီးပုံတော့ပေါ်သည်။
"ကဲပါ ကျွန်တော်ပဲပြောလိုက်ပါ့မယ်။ လူနာကစိတ်ချရပါပြီ။ သတိတော့မေ့နေသေးတယ်။ ခုတော့ဝင်ကြည့်လို့မရသေးဘူး။
ခနနေလို့ လူနာကိုအခန်းထဲရွှေ့ပြီးရင်တော့
အဲ့မှာစောင့်လို့ရပြီ""ဟုတ်...ဟုတ်ကဲ့"
ထိုဆရာဝန်က ကိုယ့်ပခုံးကိုပုတ်ကာ ခပ်ပြုံးပြုံးထွက်သွားပေမယ့် ကိုယ့်မှာတော့ ငူငူကြီးရပ်နေတုန်း။ ဝမ်းသာလွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ ကျွန်တော် ခုချိန်မှာ သုတမျက်နှာလေးကိုသာ မြင်ချင်မိတယ်။
__________________
"ဝင်လို့ရပါပြီ"
သူနာပြုလေးရဲ့ စကားအဆုံး ဦးသူရိန် သုတရှိနေတဲ့ အခန်းထဲကိုဝင်သွားလိုက်တယ်။
ကုတင်ပေါ်က ကလေးဟာ သိပ်ကိုဖြူစင်လွန်းပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် ကလေးကသူတို့နဲ့ပတ်သတ်မိလို့သာ ဒီအရှုပ်တွေထဲရောက်လာခဲ့ရတာ။ ကိုယ့်သားလေးနဲ့ရွယ်တူမို့ ဖြစ်သင့်ရဲ့လားလို့တစ်ခါတစ်ရံတွေးမိပေမယ့် သူလတ်မလွှတ်နိုင်ပါ။ ကလေးက သူ့ဘဝအတွက် အချစ်ဦးမဟုတ်ခဲ့ပေမယ့် အချစ်ဆုံးလူသားလေးတစ်ယောက်ပါ။ ကိုယ့်ကြောင့်နဲ့ သူ့ရဲ့ဖြစ်တည်မှုကြီးတစ်ခုလုံးပြောင်းလဲသွားမှာကိုတောင်လက်ခံခဲ့တဲ့ကလေး။ ကိုယ်ဘယ်လိုတောင်သူ့အပေါ်ရက်စက်ခဲ့မိတာလဲ။ ဒီကလေးကိုသတ်ဖို့အထိတောင် စဉ်းစားခဲ့မိတာ။"ကလေးရယ် မင်းသတိရလာတာနဲ့ မင်းဝမ်းနည်းတယ်ဆိုတာ ဘာလဲလို့မေးယူရလောက်တဲ့ထိ မင်းကိုပျော်ရွှင်မှုတွေချည်းပဲ ပေးမယ်။ အန္တရာယ်ဆိုတာ ဘာမှန်းမသိတော့လောက်အောင် လုံခြုံမှုအပြည့်ပေးမယ်။ဦးရင်ခွင်မှာသာ စိတ်ချလက်ချ မှီခိုလိုက်ပါ"