"ဟဲ့ရောင် မင်းဒီနေ့ကျောင်းတက်မှာလား။"
"အေး"
"အဲ့လက်ပတ်ဘယ်ကရတာလဲ လှလဲမလှပဲ"
"ဒုတ်"
"အာ့! ဟဲ့ရောင်ဘာလို့ငါ့ကိုအဲ့ဘီးနဲ့ပစ်ပေါက်တာလဲ"
"လက်ချော်သွားတာ"
"လူကကုတင်ကမထပဲ ဘေးကခုံပေါ်ကဘီးက ဒီထိရောက်လာအောင် လက်ချော်တယ်ပေါ့လေ။"
"အေး အာ့!နာတယ်"
"မင်းချော်လဲတာ အဲ့လောက်ပြင်းလဲ ဆေးခန်းသွားပါလား ခုထိ မင်းဖင်ကနာနေသေးတုန်းလား"
"ဘာ...ဘာ..ဘာကိုဖင်လဲ ပေါက်ကရ ငါခါးနာတာ"
"ငါမြင်တာတော့ မင်းခါးထက်ဖင်ပိုနာနေတာပါ ဖင်ထိုင်ရက်ပြုတ်ကြတာလား"
"မသိဘူးကွာ ကျောင်းသွားတော့မယ်"
"ငါတကယ် မင်းခန္ဓာကိုယ်ကနေ ဒယ်ဒီ့အနံ့တွေရနေတာ"
"မင်းအပေါက်ကိုပိတ်လိုက်တော့!!!!"
_____________"Rue!!! လာပြီလား နေကောင်းရဲ့လား။ ထီးလည်းမဆောင်းပါလား။ကိုယ်ပူနေလား။ကျောင်းတက်လို့ရော အဆင်ပြေရဲ့လား"
"သူကဘယ်မေးခွန်းကိုအရင်ဖြေရမှာလဲ"
"မင်းကိုမေးတာမှမဟုတ်တာ ဘာထဖြစ်နေတာလဲ"
"အဲ့တာဆိုလဲ အဲ့လောက်ထိအပိုမလုပ်နဲ့လေ"
"မင်းကိစ္စ..."
"ကဲ...ကဲ...တော်ကြပါတော့။Rue နေကောင်းတယ်။အဲ့ဒါကြောင့်စိတ်မပူနဲ့။လာအတန်းထဲသွားမယ်လေ"
"အင်း သွားမယ်.."
"လာ.လာ..Rue ဖြည်းဖြည်းချင်းသွား မူးမှာဆိုးလို့"
"ဟွန်း.....မျက်လုံးထဲကန့်လန့်တွေကြီးပါပဲလား"
"ဟဲ့ရောင် မင်းဘယ်သူ့ကို ပြောတာလဲ။"
"တော်ပါတော့ဆို"
နေသစ်နဲ့သုတ ရဲ့friendshipက Rueဘယ်တုန်းကမှ မရဘူးသလို မြင်လည်းမမြင်ဘူးတဲ့ အသစ်အဆန်းတစ်ခုလိုပဲအရမ်းသဘောကြမိတယ်။သူငယ်ချင်းမရှိတဲ့ Rueအတွက် သူတို့ကိုစစမြင်တုန်းက မတည့်ကြဘူးလို့ထင်ကြပေမယ့် တကယ့်တကယ်ကြ အမြဲရန်ဖြစ်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကာကွယ်ပေးနေကြတာ အရမ်းနွေးထွေးစရာကောင်းတယ်။ခုလည်း Rueအပေါ် နွေးနွေးထွေးထွေး ဆက်ဆံကြပါတယ်။ဒါပေမယ့် Rue ကတော့ အဲ့နွေးထွေးမှုကိုကြာကြာရနိုင်မှာမဟုတ်ပါဘူး။ Rue ကအချစ်တွေနဲ့မှ မထိုက်တန်တာ။
-
-
-
"မင်းဟိုဘက်တိုး"