4နှစ်ခန့်ကြာသော်
-----------------------
"ထိပ်ထိပ်ရေ မပြေးပါနဲ့လို့ ဝလုံးလာရေးဦး ထိပ်ထိပ်!!! ပါးပါးကိုစိတ်တိုအောင်မလုပ်နဲ့နော်""ဘဘရေ ကယ်ပါဦး!!! ဘဘ!!! ဘဘ"
"မြေးလေး!!! လာလာ ဘဘဆီလာ။မပြေးရဘူးနော်"
ဒယ်ဒီ့ကားသံကြားတာနဲ့ စာရေးနေရာကချက်ချင်းထပြေးပြီး ရင်ခွင်ထဲတန်းဝင်ပြေးတဲ့ ဒီကလေးကြောင့် ခက်ပါတယ်။
"မြေးလေ မြေးလေးကို ဘယ်သူ ဘာလုပ်တာလဲ"
"ဗြဲ!!!!!!ဘဘ!!!ဘဘမရှိလို့ သားသားကိုနှိပ်စက်တယ်"
"ထိပ်ထိပ်ပေါက်ကရတွေမပြောနဲ့နော် ဝလုံးရေးခိုင်းတာကိုအိမ်ပတ်ပြေးနေတာ ဘယ်သူလဲ"
"ငါ့မြေးကိုမအော်ပါနဲ့ ငါမကြိုက်ဘူး"
"ဒယ်ဒီရယ် Rue အော်ချင်လို့အော်တာမဟုတ်ပါဘူး ဝလုံးလေးရေးခိုင်းတာကိုမျက်ရည်ရွှဲလဲ နှာချီးတွဲလဲနဲ့ဖြစ်နေရင် နောက်ကျဘယ်လိုလုပ်မလဲ"
"နောင်ခါလာနောင်ခါရှင်းပေါ့ ငါ့မြေးကိုငါတစ်သက်လုံးကျွေးထားနိုင်တယ် မြေးလေးလာ!"
"ဒယ်ဒီ!"
ရှေ့လျှောက်ကလေးကိုဘယ်လိုထိန်းရမလဲမသိတော့ပါဘူး။ သူကသူ့အဘမှသူ့အဘ။
ပုံမှန်ဆို ကလေးက ဖိုးဖိုးလို့ခေါ်ရမှာပေမယ့် သူပထမဆုံးစပြောတဲ့စကားလုံးက ဘဘတဲ့လေ။ပထမတော့ ပါးပါးလို့ခေါ်တယ်ထင်ကြတာ ဘယ်ဟုတ်မလဲသူက သူ့အဖိုးကိုဘဘလို့ခေါ်တာဖြစ်နေရော။ဒယ်ဒီက ကိုယ့်ကိုသာမုန်းတာ သူ့မြေးတော့တော်တော်ချစ်ရှာပါတယ်။သူချစ်တာကလည်းချစ်တာနဲ့မတူပဲနှစ်နေတာဆိုတော့ ထိပ်ထိပ်နောင်ရေးကတော့မလွယ်ပါဘူး။_____________
"ဒါက အမေတို့နာမည်နဲ့တိုက်ခန်း ဒီဟာကို အခန်းလေးတွေဖွဲ့ထားတယ် အဆောင်ဖွင့်
မလို့။အဲ့ကရတဲ့ဝင်ငွေနဲ့ဆို အမေတို့အေးဆေးထိုင်စားလို့ရတယ်။ဒီအိမ်လေးကလည်း ခုအမေတို့အပိုင်ဆိုတော့။ဒါကထမင်းဖိုးပေါ့။taxi 2စီးကနေလည်း owner ကျေးရတယ်မလား။အပိုဝင်ငွေပေါ့။ဘဏ်ထဲမှာလည်း ၁၀၀ လောက်ရှိတယ်။အားလုံးအဆင်ပြေမှာပါ။""အဲ့တော့ ငါတို့ကဘာလုပ်ရမှာလဲ"
အဖေ့ဆီကရုတ်တရက်ထွက်လာတယ့်အသံ။