ဦးသူရိန် Rueပေးလိုက်တဲ့ သုတရဲ့ ဒိုင်ယာရီစာအုပ်လေးကို ဖတ်ဖို့လုပ်လိုက်တယ်။
ပထမဦးဆုံးစာအုပ်လေးကိုဖွင့်လိုက်တာနဲ့
နေကြာပန်းလက်ပတ်လေးက ထွက်ကျလာခဲ့တယ်။"ဒါကိုခုထက်ထိတောင်သိမ်းထားတုန်းလား ကလေးရယ်"
သူ့ရဲ့စာတွေအောက်ဆုံးနားမှာ အမြဲတိုင်းနီးပါးတွေ့နေရတာက ဦးသာရှိရင်သူလုံခြုံမှာ/ ဦးကိုလွမ်းတယ်/ဦးသာဆိုကာကွယ်ပေးမှာ/
တဲ့လား။ ကလေးရယ် ဦးသေချာစုံစမ်းခဲ့သင့်တာပါ။ စာအုပ်ထဲမှာစာမရှိတော့ဘူးလို့ထင်ခဲ့ပေမယ့် စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ စာတွေထပ်ရှိသေးမှန်းတွေ့တာကြောင့်ဖတ်ကြည့်လိုက်တယ်။နောက်ဆုံးဆန္ဒ ၃ ချက်
-မိသားစုကိုပုံမှန်ဝင်ငွနဲ့မပူမပင်ရအောင်ထားခဲ့မယ်။
-ထိပ်ထိပ်လေးကနေသစ်ရဲ့ သားလေးဖြစ်ကြောင်းနေသစ်ကိုအသိပေးခဲ့မယ်။
- နောက်ဆုံးအနေနဲ့ဦးဆီကခွင့်လွှတ်မှုကိုရချင်တယ်။
ဒီစာအုပ်ထဲက အချက် (3) ချက်ပြည့်ပြီဆိုရင်
ငါ့ဘဝကြီးကို ငါကိုယ်တိုင်လွပ်လပ်ခွင့် ပေးတော့မှာ။"ဒါဆို ဝဏ္ဏမင်းရဲ့မြေးက ငါ့မြေးပေါ့။သုတကအဖေအရင်းမဟုတ်ဘူးပဲ။ နေသစ်...."
ဒီကိစ္စကို နေသစ်ကိုဘယ်လိုပြောရမလဲ။
ခုပြောလိုက်လို့ သူက သွေးပူပြီး မစဉ်းစားပဲလုပ်လိုက်ရင် သုတကိုထုတ်ဖို့ပါ ခက်သွားလိမ့်မယ်။ သုတကိုထုတ်ပြီးမှ ပြောတာ အကောင်းဆုံးပဲ။ဟုတ်တယ်။ သုတကိုအရင်ကယ်ထုတ်ရမယ်။_______________
"သုတ သတိရလာပြီလား"
"အွန်း....အာ့!"
"အရမ်းမထနဲ့ဦး သုတ မင်းဗိုက်က နာနေဦးမှာ အနာမကျက်သေးဘူး"
"အော် ခုရောဘာဖြစ်သွားပြန်တာလဲ"
"အစာအိမ်အတွင်းပိုင်းသွေးယိုလို့"
"ဟမ် ဘယ်ကနေဘယ်လို"
"ဒယ်ဒီကန်လိုက်တာလေ"
"အော် ကန်လိုက်တာ အဲ့လောက်ထိဖြစ်သွားတာလား"