Part 40

8.2K 340 84
                                    

ကျွီ......

ဦးဝဏ္ဏမင်း တစ်ယောက် ညသန်းခေါင် အချိန်ကြီး သူ့သားဖြစ်သူ Rue ရဲ့ အခန်းထဲကို ဘယ်သူမှမသိအောင် ဝင်လာခဲ့တယ်။

ကုတင်ပေါ်မှာ အပြစ်ကင်းစင်စွာ အိပ်စက်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး နောင်တများစွာ ရမိတယ်။ သူကိုယ်တိုင်သူ့သားဘဝကို ဖျက်စီးခဲ့မိသလိုဖြစ်သွားခဲ့ပြီ။ အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ကို သူ့အတ္တတွေကြားလှောင်ပိတ်ပြီး ခန္ဓာကိုယ်ကိုရော စိတ်ကိုရော
ကြိမ်ဖန်များစွာ နှိပ်စက်ခဲ့မိတယ်။ ငါတို့လိုမိဘဆီမှာ မွေးဖွားလာတာကိုက မင်းရဲ့ ဝဋ်ကြွေးပဲ Rue ရယ်။

ထို့နောက်မှာတော့ ဝဲတက်နေတဲ့ မျက်ရည် အချို့နဲ့ သူ့သားဖြစ်သူရဲ့ ဦးခေါင်းလေးကို သာသာနမ်းမိတယ်။ ဒီကလေးမွေးဖွားခဲ့တဲ့ အချိန်တုန်းကလည်း ဒီကလေးအိပ်နေချိန်တိုင်း သူအမြဲ နမ်းပြီးမှသာ အိပ်ရာဝင်လေ့ရှိတယ်။ ဒါပေမယ့် အချို့ကိစ္စတွေ ဖြစ်ပြီးတဲ့ အချိန်မှာတော့ သူ့အတ္တတွေက သူ့ရဲ့ မိဘမေတ္တာတွေကိုဖုံးလွှမ်းသွားခဲ့တယ်။ ဒီကလေးကို မဲပြီး နှိပ်စက်ခဲ့တယ်။ ငယ်ငယ်ကဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ကို သူကိုယ်တိုင် ဖိနှိပ်ခဲ့ပြီး ခုလိုကလေးသာသာဉာဏ်ရည်ဖြစ်စေခဲ့တယ်။ ငါ့ရဲ့ အမှားတွေချည်းပါပဲ။

"သားဒယ်ဒီ့ကြောင့်အများကြီး ပင်ပန်းပြီးပြီ။
အဲ့မကောင်းဆိုးဝါးမဆီမှာတော့ ထပ်မပင်ပန်းစေရဘူး။ ဒယ်ဒီမင်းကို ကာကွယ်ပေးမယ် သား။"

ထိုစကားတွေကို အပြစ်ကင်းစင်စွာ အိပ်စက်နေတဲ့ ကောင်လေးကတော့ ဘယ်ကြားပါ့မလဲ။ ပြီးတော့ သူ့နားကို မိခင်နာမည်ခံ မကောင်းဆိုးဝါး ‌တစ်‌ကောင် ရောက်ရှိလာပြီဆိုတာကိုလဲ သူမသိသေးပါဘူး။

________________

မနက်မိုးလင်း မျက်လုံးနှစ်လုံးဖွင့်ချိန် ရင်ခွင်ထဲမှာ အေးချမ်းစွာ အိပ်စက်နေတဲ့ ကလေးကို မြင်ရတာ ဘယ်လောက်တောင်ကြည်နူးစရာ ကောင်းလဲ။ နာရီကို တစ်ချက်လှမ်းကြည့်လိုက်ချိန် မှာတော့ အချိန်အားဖြင့် ခုနှစ်နာရီခွဲရှိနေပြီမို့ ကလေးကို ရင်ခွင်ထဲက အသာထုတ်ပြီး ရေမိုးချိုးကာ အောက်ထပ်ဆင်းပြီး စားစရာအချို့ချက်ပြုတ်ထားလိုက်တယ်။ ဒီနေ့တော့ သူကိုယ်တိုင်ချက်ပေးသင့်တယ်လေ။

LOVE POISON { Season 1 }Where stories live. Discover now