"သခင်ကြီးထင်တဲ့အတိုင်းပါပဲ။ သူတို့ ဟိုတယ်ထဲကအတူတူထွက်လာကြတယ်။ ပြီးတော့ ကားတစ်စီးထဲ အတူစီးသွားတာပါ။"
"ဟက်! ငါထင်သားပဲ။ အဲ့ဒါဆို ငါ့ဒုတိယအစီစဥ်ကို ခုသာလုပ်လိုက်တော့"
"ဟုတ်ကဲ့ပါသခင်ကြီး"
"ဟွန်း.....သူရိန်မဟာ သူရိန်မဟာ...မင်းကကျွေးတဲ့လက်ကိုပြန်ကိုက်ချင်တာပဲ။ ဝဏ္ဏမင်းဆိုတဲ့ကောင်ကလည်း ငါ့အစီစဉ်အားလုံးပျက်အောင် ချက်ချင်းသွားပူးပေါင်းတယ်ပေါ့။ အဲ့လိုလွယ်လွယ်စိတ်ဆိုး လွယ်လွယ်ခွင့်လွှတ်ပြီး ကလေးကစားသလိုလုပ်နေတဲ့ကောင်တွေက ငါ့ကိုနိုင်မယ်ထင်နေတာပဲ။
စိတ်ကူးတောင်မယဉ်နဲ့။ မင်းတို့ရဲ့ အဖိုးတန်လေးတွေအကုန် ငါ့လက်ထဲရောက်လာတော့မှာ ဟားးးးးးးဟားးးးးးးး"________________
"အကို ကျွန်တော့်မိဘအိမ်ရောက်ရင်အကိုပါ ဝင်လည်ပါလား"
"မလုပ်ပါနဲ့ ကျွန်တော် သခင်လေးကို ညနေမှ လာကြိုပါမယ်။"
"မဟုတ်တာ ရပါတယ်။ အမေတို့နဲ့ မိတ်ဆက်ပေးလို့ရတယ်လေ။ ဦးကလည်း အကို ကျွန်တော့်နားမှာရှိတော့ ပိုသဘောကျမှာပါ။ ကျွန်တော်ပြောပေးမယ်။ "
"ဟုတ်ကဲ့ပါ သခင်လေး။"
"ကျွန်တော့်ကို သုတလို့ပဲ ခေါ်ပါလားဟင်။ ဟို...သခင်လေး လို့ခေါ်တော့ ကျွန်တော်နေရခက်လို့ပါ။"
"ဒါပေမယ့်...."
"ကျွန်တော်တောင် code 1 လို့မခေါ်ပဲ အကိုလို့ပဲခေါ်တာလေ။ နာမည်ကြလည်းမေးလို့မှမရတာ။ "
"ဟုတ်ကဲ့ပါ သခင်...အာ...သုတ"
"အဲ့လို့မှပေါ့ဗျာ။ အကို ကျွန်တော် ဦးကိုလေ ကိုယ်ဝန်ကိစ္စ ကျွန်တော့်မိဘတွေကို မပြောခိုင်းထားဘူး။ suprise တိုက်ဖို့လေ။ ဘယ်လိုထင်လဲ ကောင်းတယ်မလား။ ခုအိမ်ရောက်တာနဲ့ ဘယ်ကစပြောရမှန်းတောင်မသိဘူး။
အမေ ကျွန်တော် ဗိုက်ကြီးနေပြီ။ အဲ့လိုပြောရမလား။ ဒါမှမဟုတ်..အမေ ကျွန်တော်ကိုယ်ဝန်ရှိနေပြီ။ အဲ့လိုပြောရမလား။ ဟမ်။ အကို အကြံပေးပါဦးဗျာ!""သခင်... sorry သုတ နှစ်ခုလုံးကတူတူပဲမဟုတ်ဘူးလား။ ကိုယ်ဝန်က လည်းဗိုက်ကြီးတာပဲလေ။ "