ဆေးရုံတစ်ခုအတွင်းသို့ကပြာကရာဝင်လာတဲ့ သတ်လတ်ပိုင်းရွယ်လူတစ်ယောက်က တစ်ခုခုကိုစိုးရိမ်နေပုံပေါ်သည်။
"ကျွန်တော် ဦးဝဏ္ဏမင်းပါ။"
"ဟုတ်ကဲ့ ဒီဘက်လာပေးပါ။"
ရဲဝန်ထမ်းတစ်ယောက်ရဲ့ လမ်းညွှန်ပေးပြီး ခေါ်ဆောင်တဲ့အတိုင်း သူလိုက်သွားလိုက်တယ်။
"ဒီအခန်းမှာပါ"
အခန်းထဲဝင်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတာက အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်း....
"အသက်မမှီလိုက်ဘူး။ ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါလို့ပြောပြီး ဆေးရုံသယ်လာတဲ့ လမ်းမှာ ဆုံးသွားတာပါ။"
"ဘယ်လိုဖြစ်တာလဲ။"
"ဆေးသုံးတဲ့လူအချင်းချင်း စကားများ ရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်တာပါ။ အသက်ဆုံးရှုံးသွားတာက Mrs.Cordelia တစ်ယောက်ထဲတော့မဟုတ်ဘူး။ သူအပါအဝင်နောက်နှစ်ယောက် ပါသေးတယ်။"
"အဲ့တာအရေးမကြီးပါဘူး။ အဓိကကတော့ ဒီကိစ္စကို အပြင်ကိုမပေါက်ကြားစေချင်ဘူး။
သူရဲ့ ဈာပန ကိစ္စကိုတော့ ကျွန်တော်ပဲအစအဆုံးတာဝန်ယူပါ့မယ်။ပြီးတော့ အမှုကိစ္စကိုလည်း ကျွန်တော်တို့ကို လာမနွယ်စေချင်ဘူး။ ကျွန်တော်တို့ကွဲနေတာလည်း သားတစ်သက်ရှိနေပြီ။""စိတ်ချပါ။ ကျွန်တော်စီစဉ်လိုက်ပါမယ်။"
လောကကြီးရဲ့ လှည့်ကွက်တွေက တကယ်ကိုမြန်ဆန်ပါပေတယ်။အချိန်တန်ရင် ထွက်သွားတဲ့သူကလည်း ထွက်သွားပါရောလား။
___________________
"ဒါဆိုမာမီက ဆုံးသွားပြီပေါ့နော်"
"ဟုတ်တယ်သား..."
"ကျွန်တော်ကို သူ့စိတ်ရင်းနဲ့ သားလို့တောင်မခေါ်သွားဘူး။"
"မေ့လိုက်ပါတော့သားရယ်..."
"ဟုတ်သားပဲ Rue ရယ်။ ငါခုချိန်အဲ့လိုမပြောသင့်တာသိပေမယ့် မင်းအပေါ်လည်းသူကောင်းခဲ့တာမှမဟုတ်တာ..."
"Rue သုတပြောတာလဲ ဟုတ်နေတာပဲ။ သိပ်တွေးမနေနဲ့။"
"အွန်းပါ။ Rue လည်းသံယောဇဉ်မတွယ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့မာမီဆိုတဲ့ အသိကြောင့်ဝမ်းနည်းတာပါ။"