"အားလုံးသေချာ ပြင်ဆင်ပြီးပြီလား။ ပန်းတွေနဲ့ တည်ခင်းမယ့် အစားအသောက်တွေလည်း သေချာကြည့်ဦးနော်....."
"ဟုတ်ကဲ့ပါ ခင်မျ အားလုံးပြင်ဆင်ပြီးပါပြီ။"
"အင်းပါ.....ကျေးဇူးနော်..."
"သုတ.....Rue ကိုသွားကြည့်ပေးလိုက်ပါဦး....ပွဲအတွက်စိတ်မပူနဲ့ ဦးကြည့်ထားလိုက်မယ်....."
"ဟုတ်ကဲ့ ဦး...""
ဒီနေ့ နေသစ်နဲ့ Rueတို့ရဲ့ မင်္ဂလာပွဲနေ့လေ။ အားလုံးစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြတယ်။
"Rue......."
"သုတ...လာပါဦး...ငါမင်းကိုမျှော်နေတာ...ငါလှရဲ့လားဟင် တစ်မျိုးကြီးဖြစ်နေလား....ငါ့နားမှာပဲနေပါ...."
"အေးပါ...လှတယ်...ငါ့ သူငယ်ချင်းက အလှဆုံး...ကြည့်ပါဦး ဘယ်လောက်လှလဲဆိုတာ...."
သုတက သူ့ခုံကိုလှည့်ပြီး မှန်ထဲကို ကြည့်ခိုင်းတာကြောင့် ကြည့်လိုက်တယ်။ သူ့ကိုသူပြန်မြင်နေရတဲ့ အချိန် အဖြစ်အပျက်တွေကို မယုံကြည်နိုင်သေးဘူး။ အရာအားလုံးက ပြီးဆုံးသွားပြီလား။ နာကျင်မှုတွေ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်ပြီး အဆိပ်တစ်ခွက်လို ဖြစ်ခဲ့ရတဲ့ သူတို့ရဲ့ အချစ်တွေဟာ ခုတော့ ချိုမြိန်တဲ့ ဆေးတစ်ခွက်အဖြစ် ပြန်ပြီးပြောင်းလဲနိုင်ခဲ့ပြီ။ မိသားစုဆိုတဲ့ အေးချမ်းတဲ့ အသိုက်အမြုံကိုလည်း သူပိုင်ဆိုင်ခဲ့ပြီ။ သူ့မျက်ဝန်းထဲမှာ အရင်လိုပဲ မျက်ရည်တွေ ဝေ့သီလာတယ်။ ဒါပေမယ့် အရင်အခေါက်တွေနဲ့ မတူတာက ဒီတစ်ခါဝေ့သီလာတဲ့ မျက်ရည်က ပျော်ရွှင်မှုတွေကြောင့် ဝေ့သီလာတဲ့ မျက်ရည်......
"အချိန်တွေကုန်တာ မြန်လိုက်တာ သုတရယ်......"
"ဟုတ်တယ်နော်......ခုဆိုသားလေးတွေတောင် တော်တော်ကြီးနေပြီ"
"ဟုတ်ပ...ထိပ်ထိပ်ဆို သူ့ခေါင်းက ငါ့ရင်ဘက်နားထိရောက်နေပြီ။ ဒါတောင်ရှစ်နှစ်ပဲရှိသေးတာနော်"
"ဟုတ်တယ် ငါ့စိတ်ထင် နေသစ်ထက်တောင် အရပ်ရှည်မလားမသိဘူး....ကဲ အဲ့တာတွေ နောက်မှပြော...ခုလောလောဆယ် ကိုယ့်ကိုယ်ကို အာရုံစိုက် မငိုနဲ့...."