မျက်လုံးကိုနေရောင်ထိုးလာတာကြောင့် သုတတစ်ယောက်အိပ်နေရာကနိုးလာတော့သည်။
"အွန်း......."
တစ်ကိုယ်လုံးကိုက်ခဲနေတာကြောင့် ဖြည်းဖြည်းချင်းအားယူပြီးထလိုက်ရတယ်။ဘေးဘီကြည့်လိုက်မှ နေရာသစ်ဖြစ်မှန်းသတိထားမိတာကြောင့် ဒါဦးကွန်ဒိုကအိပ်ခန်းမှန်းသိလိုက်ရပြီလေ။
"ဒါဆိုညက အဖြစ်အပျက်တွေကို အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းခဲ့တာမပြည့်ဘူးပေါ့"
ကုတင်ခြေရင်းကဗီရိုမှန်မှာမိမိကိုယ်မိမိပြန်ကြည့်တဲ့အခါမှ မျက်နှာမှာသွေးတွေပေနေတာမျိုးမရှိတော့ပေမယ့် ညကထက်ပိုရောင်နေသလိုပင်။ဘယ်တက်နိုင်မလဲ မှန်ထဲကကိုယ့်ကိုယ်ကိုသာအသက်မဲ့တဲ့မျက်လုံးတွေနဲ့သာ ပြန်ပြုံးပြလိုက်တော့တယ်။အဝတ်အစားတွေကတော့ဦးရဲ့ရှပ်အင်္ကျီနဲ့ ဘောင်းဘီထင်တယ် ကိုယ့်ကိုယ်လုံးနဲ့ကြ ပွနေရော။
"ဦး အဝတ်အစားလဲပေးသွားတာထင်ပါတယ် အားနာလိုက်တာ"
အနာတွေကိုကြမ်းကြမ်းတမ်းတမ်းမထိမိအောင်ဂရုစိုက်ပြီးမျက်နှာသစ်၊သွားတိုက်ကာ အပြင်ထွက်လာလိုက်သည်။ ဧည့်ခန်းမှာ တော့ ဦး ကိုမတွေ့ ။ဒါကြောင့်ထမင်းစားခန်းထဲသွားကြည့်တော့လဲမတွေ့ ရေခဲသေတ္တာမှာတော့ စာရွက်လေးကပ်ထားတာတွေ့သည်။
(သုတ နိုးလာရင် ရေခဲသေတ္တာထဲကဆန်ပြုတ်ကိုပြန်နွှေးပြီးသောက်လိုက်ပါ။ဦးကအရေးကြီးအလုပ်ကိစ္စရှိလို့ မနက်ကပဲနယ်စပ်ဘက်သွားပြီ။ နေသစ်ကိုမခေါ်ဖို့ပြောပေမယ့် မင်းရဲ့မိသားစုကိုခုအခြေအနေမှာခေါ်လိုက်တာထက် နေသစ်ကိုခေါ်တာကပိုကောင်းမယ်ထင်လို့ ခေါ်လိုက်မိတယ်။ကောင်းကောင်းအနားယူပါ ။
"ဦး")"နေသစ်သိသွားပြီပဲ အေးပေါ့လေ နောက်လည်းသိမှာပဲကို"
ဦးမှာခဲ့တဲ့အတိုင်း ရေခဲသေတ္တာထဲကနေဆန်ပြုတ်ပန်းကန်ကိုထုတ်လိုက်တယ်။ဆန်ပြုတ်စားဖို့ပြင်နေတုန်း ဝုန်းကနဲ တံခါးဖွင့်သံကြားလိုက်တာနဲ့ နေသစ်လာပြီဆိုတာကြိုသိလိုက်တယ်။
"သုတ! မင်းဘယ်မှာလဲ သုတ!!!သုတ!!!"
"ငါ မီးဖိုချောင်မှာ"