စိတ်ကျန်းမာရေးအထူးကု ဆေးခန်း
(ဒေါက်တာမင်းသော်)
-----------------------------------------------
"၂လကျော်နေပြီ အခြေနေမတိုးတက်လာသေးဘူးနော်။ ခုကိစ္စကို မိသားစုနဲ့တိုင်ပင်ဖြစ်ရဲ့လား""ကျွန်တော် မလိုအပ်ဘူးထင်လို့ မတိုင်ပင်ဖြစ်ပါဘူး"
"အဲ့လို လုပ်လို့ရမလား ခုမှစိတ်ကျရောဂါအစပဲရှိသေးတယ် လူကခုလို မရယ်မပြုံးအမြဲမှိုင်နေတာ"
"အဆင်ပြေပါတယ်။ ဒီတိုင်းပဲ ဆေးသောက်လိုက်မယ်။"
"မင်းကိုတော့ပြောလို့မနိုင်ဘူး"
"ဒါနဲ့ ခုက ဟိုကိစ္စနဲ့ကောဆိုင်လား"
"ဆိုင်တာပေါ့ ခုဆိုမင်းခန္ဓာကိုယ်က ပုံမှန်မဟုတ်တဲ့ပြောင်းလဲမှုတွေစတင်နေပြီ။ အဲ့ပြောင်းလဲမှုကိုခံနိုင်ဖို့ဆိုရင် မင်းရဲ့ဟို...........။
ဆရာအမှန်တိုင်းပြောမယ်နော်။မင်းနဲ့အိပ်ခဲ့တဲ့ အဲ့enigmaဆီက ဟော်မုန်းအကူအညီမရရင် မင်း လူရောစိတ်ရော ဂျုန်းဂျုန်းကျသွားလိမ့်မယ်။""ကျွန်တော်အဆင်ပြေပါတယ်ဆရာ ဒါနဲ့ကျွန်တော်ပြန်တော့မယ်။ သွားခွင့်ပြုပါဦးဆရာ"
"သုတ! မင်းကိုငါ့ညီလေးလို သဘောထားလို့သတိပေးလိုက်မယ်နော် omega တစ်ယောက်ရဲ့ ဘဝကမလွယ်ဘူး။ အဲ့ထက်ပိုဆိုးတာက ခုလို မျိုးစိတ်ပြောင်းလဲတာပဲ။ မင်းအတွက် အန္တရာယ်အရမ်းများတယ်။ မင်းပြောင်းလဲနေစဉ်အတွင်းနာကျင်မှု အများကြီးခံစားရနိုင်တယ်။မင်းမှာ မင်းကိုခုလိုပြောင်းအောင် လုပ်ခဲ့တဲ့ Enigma ကလည်းမင်းနားမှာရှိပေးမနေဘူး။ မင်း Omega အဖြစ်အပြည့်အဝပြောင်းလဲသွားခဲ့ရင်လည်း မင်းကိုယ်မင်းဘယ်လိုကာကွယ်ရမလဲဆိုတာ မင်းသေချာမသိဘူး။ မင်းစိတ်ပိုင်းဆိုင်ရာကလည်း...ဟွန်း.....မင်းတော့စိတ်ထောင်းကိုယ်ကြေဖြစ်တော့မှာပဲ။"
"ကျွန်တော်နေသားကြနေပါပြီ ဒီကိစ္စကိုသာ လျှို့ဝှက်ထားပေးပါ။"
_______
ခုကျွန်တော် အိမ်ပြာတော်ရဲ့တရားဝင်သမတ်ဖြစ်လာတာ သုံးလရှိပြီ။ ခံစားချက်တွေလည်း ဘာမှမရှိတော့ဘူး။ စိတ်ဆိုးတာ ဝမ်းနည်းတာ ပျော်တာရယ်လို့ထွေထွေထူးထူးခံစားချက်ထားမနေတော့ဘူး။