ဒိုင်း!
"အမေ့!!!"
သုတ အိပ်နေရင်းကြားလိုက်ရတဲ့အသံကြောင့် လန့်နိုးသွားတယ်။ ချက်ချင်းပဲ ကုတင်ပေါ်ကဆင်းပြီး ပြတင်းလိုက်ကာလေးကနေ အပြင်ဘက်ကိုခိုးကြည့်လိုက်တယ်။ ခြံထဲမှာ ဘာမှထူးခြားတာမျိုးမရှိသလို တစ်အိမ်လုံးကလည်း တိတ်ဆိတ်နေတယ်။ သုတ သူကြားလိုက်တဲ့အသံက အစစ်လား ဒါမှမဟုတ်
အိမ်မက်ယောင်တာလားတောင်မသေချာတော့။ အိမ်ကတော့လုံးဝကို ပုံမှန်ပဲ။ လှုပ်ရှားမှုတောင်မတွေ့ရ။ နာရီကိုတစ်ချက် လှမ်းကြည့်လိုက်တော့ မနက် နှစ်နာရီခွဲ။"ငါအသံကြားလိုက်တာ သေချာပါတယ်။"
တစ်အိမ်လုံးက မှောင်မဲနေတဲ့ အပြင် တိတ်ဆိတ်နေတာကြောင့် သုတ လည်းကြောက်လာပြီး ဦးဆီသွားရင်ကောင်းမလားတွေးမိပေမယ့် သူ့ကိုစိတ်ကောက်ပြီး မလာနဲ့ပြောထားပြီးမှ ကိုယ်ကသွားရင် မကောင်းဘူးလေ။အဲ့တာကြောင့် ကုတင်ပေါ်သာပြေးတက်ပြီး ခေါင်းမှီခြုံကာအိပ်ပျော်အောင် ကြိုးစားပြီးအိပ်လိုက်တော့တယ်။
-
-
-
"သခင်ကြီး ညက....""လက်စဖျောက်လိုက် အဲ့အကြောင်းထပ်မပြောနဲ့"
"ဟုတ်ကဲ့"
ညကဂိုဏ်းရဲ့ သစ္စာဖောက်ကိုရှာတွေ့တာမို့ စစ်ဆေးဖို့အတွက် မြေအောက်ခန်းဆီခေါ်သွားဖို့လုပ်တာကို အဲ့ကောင်ကအော်ကြီးဟစ်ကျယ်လုပ်တာကြောင့် သုတကြားသွားမှာဆိုးတာနဲ့ အဲ့နေရာမှာတင်ကိုယ်ကိုယ်တိုင် အပြတ်ရှင်းလိုက်တာ။ သေနတ်သံကျယ်သွားလို့စိတ်ပူသွားပေမယ့် သုတဆီချက်ချင်းသွားလို့လဲမရဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေစင်ထားတာကို။ အဲ့တာကြောင့် အရင်အခြားတစ်ယောက်ကို အခန်းရှေ့ချက်ချင်းလွှတ်လိုက်ပြီးကြည့်ခိုင်းလိုက်တော့ သုတက အခန်းထဲကလုံးဝထွက်မလာဘူးဆိုတာ သေချာတယ်ဆိုလို့ အဲ့ကြမှပဲ စိတ်အေးရတော့တယ်။
"ဦး..."
Code 1 ကို ညကအလောင်းကိစ္စရှင်းဖို့ပြောနေတုန်း သုတက ထမင်းစားခန်းထဲဝင်လာတာကြောင့် ပြောလက်စ စကားကို ရပ်လိုက်တော့တယ်။