"သုတ....သုတ...."
"ဟင်!ဦး......"
"ထတော့လေ...."
"ကျွန်တော် အိပ်ချင်သေးတယ်။ ခေါင်းတွေ အရမ်းမူးပြီး အန်ပဲ အန်ချင်နေတယ်။ အဲ့လိုမနက်တိုင်းဖြစ်နေတာ။"
"ကိုယ်ဝန်ကြောင့်ဖြစ်နေတာ သုတရဲ့။ တစ်ခုခုထစားလိုက်နော်...အဲ့ကျမှ သက်သာတာ။မျက်ရည်တွေ ဝဲနေပါလား သုတ။ နေလို့ရောရရဲ့လား။"
"ရတယ် ဦး...ခေါင်းက အရမ်းမူးနေလို့။"
"အဲ့ဒါဆို ဦးဘေးမှာထိုင်စောင့်နေမယ်။ အိပ်လိုက်နော်။"
"ရပါတယ်။ မနက်စာ သွားစားပါ။"
"ရတယ်။ ဦးလုပ်စရာအလုပ်လေးတွေလည်းရှိသေးတယ်။ အိပ်တော့။"
"ဟုတ်ကဲ့။"
ခုဆို အားလုံးပုံမှန်ပြန်ဖြစ်သွားတာ သုံးလလောက်ရှိနေပြီ။ သုတ ရဲ့ ဗိုက်လေး ကလည်း သိသိသာသာစူထွက်လာတယ်။
ဆေးရုံသွားဖို့လုပ်ပေမယ့် သုတကမသွားချင်ဘူးပဲ ငြင်းနေလို့ ဆေးရုံကို မရောက်ဖြစ်ဘူး။ရှေ့အပတ်တော့ သေချာပေါက် ရအောင်သွားရမယ်။ မနက်တိုင်းလဲ မူးပြီး အစာလည်းကောင်းကောင်းမဝင်ဘူး။______________
"ဒယ်ဒီ!!!!!!!"
"သားလေး လာ ဒယ်ဒီ့ဆီ..."
ဦးဝဏ္ဏမင်း ဆိုဖာမှာထိုင်ပြီး သတင်းစာဖတ်နေရင်း မျက်ခုံးတို့တွန့်ချိုးသွားတယ်။ သုံးလရှိနေပြီ တစ်နေ့တစ်မျိုး မရိုးတဲ့အကြောင်းပြချက်တွေနဲ့ အိမ်မှာလာကပ်နေတဲ့ တောက်တဲ့ လိုကောင်ကြောင့် သူလက်မြှောက်အရှုံးပေးလိုက်ပြီး မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ စီးရုံးရေးကလည်း တော်ချက်။ ကလေးကို တစ်နေ့မုန့်တစ်မျိုးကျွေးပြီး သူ့ကို ဒယ်ဒီလို့ခေါ်ခိုင်းတယ်လေ။ ဟိုကလည်း မခေါ်ချင်ရှာဘူး တစ် ဒယ်ဒီတည်း ဒယ်ဒီနေတာ။ မျက်စိတွေကိုနောက်နေတာပဲ။
"ဒီနေ့ရော ဘာကိစ္စလာတာလဲ။"
"ကလေးကို ကျောင်းလိုက်ပို့ဖို့ပြီးရင် Rue နဲ့ဒိတ်မလို့။"
"ငါ့ကိုတောင် အသိမပေးတော့ဘူးပေါ့။"
"ခင်များနဲ့ ဒိတ်မှာမှမဟုတ်တာ။"