"ပါးပါး သားသား အဲ့သရဲအိမ်ထဲသွားချင်တယ်"
"မသွားရပါဘူး အလကားဟုတ်တာလဲမဟုတ်ဘူး ဒီမှာစာတွေ့လား ၁၂နှစ်အောက် ကလေးမဝင်ရဘူးတဲ့။"
"ကလေးဝင်လို့မရလဲ လူကြီးဝင်လို့ရတယ်လေ သားသားရဲ့ပါးပါးကိုဝင်ခိုင်းလိုက်လေ။ သားသားက ဒီTVကနေ လှမ်းကြည့်လို့ရတယ်။"
နေသစ်ရဲ့ စကားကြောင့် Rue မျက်လုံးတို့ပြူးကျယ်သွားတော့တယ်။ ဒါသက်သက်
Rue ကိုချောက်ချနေတာ။"မဝင်ပါဘူး ပေါက်ကရ မဝင်ရဲဘူး ဝင်လည်းမဝင်ဘူး"
"ရဘူး ရဘူး ပါးပါးဝင်!"
"မဝင်ပါဘူးဆို ထိပ်ထိပ်လေး ဟိုးဘက်သွားကြည့်ကြမလား ဟိုးဘက်မှာ အရုပ်အိမ်ရှိတယ်။ အိကျိအိကျိလည်းရှိတယ် ထိပ်ထိပ်လေး ဆော့လို့ရတာပေါ့။"
"ဆော့ဘူး သားသားကကလေးမဟုတ်တော့ဘူး။ သရဲအိမ်ပဲဆော့မှာ"
"ဘာကိုကလေးမဟုတ်တာလဲ။ သရဲအိမ်မဆော့ပါဘူးဆို တော်တော့နော် ပါးပါးစိတ်ဆိုးတော့မယ်"
"တွေ့တယ်မလား မင်းပါးပါးက ငကြောက်"
"သားပါးပါးကိုအဲ့လိုပြောနဲ့ ပါးပါးကသတ္တိရှိတယ် အဲ့ထဲဝင်မှာ။"
"ဟမ် မဝင်ပါဘူး"
"ပါးပါးဝင်လိုက် ဦးဦးလည်းဝင် ပြိုင်ကြမယ်"
"မလုပ်..."
"Ok လေ လက်မှတ်နှစ်စောင်ပေးပါ။ ကလေးက ခုံကနေကြည့်မှာမို့ ကလေးကိုလည်းတစ်ချက်လောက်သေချာကြည့်ပေးပါဦး"
"ဟုတ်ကဲ့ စိတ်ချပါခင်မျ"
"နေသစ် ခနလေး ငါမသွား..."
"လာ..."
မလိုက်ဘူးလို့ပြောမလို့ဟာကို နားမထောင်ပဲ လက်ကိုအတင်းဆွဲကာ အထဲခေါ်သွားတဲ့နေသစ်ကြောင့် လူကပါသွားပြီလေ။
"နေသစ်! နေသစ်! အားးးးးး"
"လွှတ်လေကွာ ဘာလို့အတင်းဆွဲထားတာလဲ။"
ခေါ်လာတုန်းကတော့ ကိုယ်ကဆွဲခေါ်လာတာဆိုပေမယ့် အထဲရောက်တာနဲ့ သူကကိုယ့်လက်ကိုပြန်ဆွဲထားတာများ ခိုစီးထားသလားအောက်မေ့ရတယ်။