"ရတနာ ငါ့ကိုကြည့်ပါဦး ငါအဆင်ပြေရဲ့လား ငါရုပ်ဆိုးနေလားဟင် ငါ့ဆံပင်တွေရော ပွနေလား ဟင် ငါ..."
"ကဲ တော်ပါတော့ ကိုကြီးရယ် အကုန်အဆင်ပြေတယ် ဟုတ်ပြီလား ငါ့ကိုကြီးက အချောဆုံးပဲ ကိုကြီးမင်္ဂလာဆောင်တာကြည့်ပြီး ညီမလေးပါ မင်္ဂလာဆောင်ချင်လာတယ်။
ဦးလေးက ကိုကြီးကိုတကယ်ချစ်တာပဲနော် ကိုကြီးက သူ့ကိုငဲ့ပြီး wedding dress ကိုအညိုရောင်ရွေးတယ်။ သူက ကိုကြီးကို suprise တိုက်ပြီး wedding တစ်ခုလုံးကို ကိုကြီးကြိုက်တဲ့ နေကြာပန်းတွေနဲ့ ပုံဖော်တယ်။
အားးးးးးးးးးးရိုလိုက်ကြတာ""အငယ်မ နင်ကလည်း..."
"သုတ!"
"နေသစ် ငါအဆင်ပြေရဲ့လားဟင် ငါ့ကိုကြည့်ပါဦး"
"ငါ့သူငယ်ချင်းကြီးက အရမ်းကြည့်ကောင်းနေရော"
"ငါ...ငါလေ"
"ဘာမှလျှောက်တွေးမနေနဲ့ မင်းက မဟာမိသားစုဝင်ဖြစ်လာပြီ။ခေါင်းမော့ရင်ကော့ပြီးသာနေ။ ဟုတ်ပြီလား။"
"အွန်း..."
ဒေါက်!ဒေါက်!ဒေါက်!
"ဝင်ခဲ့လေ!"
"ဟမ် Rue.."
"သုတ...ငါတို့နှစ်ယောက်တည်း စကားခနပြောလို့ရမလားဟင်"
"မင်းကဘာပြောဦးမလို့လဲ"
"နေသစ်! ငါလည်း Rue နဲ့ ခဏလောက်စကားပြောချင်တယ်။"
"ကျစ်! ပြီးရော"
"အငယ်မ နင်လည်းသွားလေ"
"ရှင်! အော် ဟုတ်ကဲ့ ကိုကြီး Rue သွားခွင့်ပြုပါဦး"
"အွန်း ညီမလေး"
နေသစ်ရော ညီမလေးရောထွက်သွားတာနဲ့ သုတ Rue ကိုစကားစဖို့လုပ်လိုက်တယ်။
"သားလေးမပါဘူးလား"
"ကလေးစိတ်ရှုပ်မှာဆိုးလို့ မခေါ်ခဲ့တာ။"
"အော်.....ဒါနဲ့ မင်းဘာပြာချင်တာလဲ Rue"
ရုတ်တရက် ကိုယ့်ရှေ့ဒူးထောက်လိုက်တဲ့Rue
ကြောင့် သုတ ပြောစရာစကားတွေပျောက်ရှသွားတယ်။"Rue! ဘာလုပ်တာလဲ"
"ငါတောင်းပန်ချင်လို့ပါ ငါမင်းအပေါ်လုပ်ခဲ့သမျှက အရမ်းလွန်လွန်းတာသိပါတယ် ဒါပေမယ့် ငါတကယ် မကောင်းစေချင်တဲ့စိတ်နဲ့အကောက်ကြံ ခဲ့တာမဟုတ်ပါဘူး။ ဟိုဓာတ်ပုံကိစ္စကိုလည်း မင်းစိတ်မပူနဲ့တော့ ငါသတင်းထောက်တွေကို မင်းမလုပ်ခဲ့ကြောင်းငါပြောလိုက်ပြီ။ ငါ့ကိုခွင့်လွှတ်ပါသုတရယ်။"