မင်္ဂလာပွဲလာတဲ့သူတွေကလည်း ဦးရဲ့ စီးပွားရေးလောကထဲကအသိမိတ်ဆွေအချို့နဲ့ သုတဘက်ကဆွေမျိုးတွေပါပဲ။ သာမန်မိသားစုကလာသူမို့ သုတရဲ့ဆွေမျိုးတွေကတော့ မင်္ဂလာပွဲအပြင်အဆင်ကို အရမ်းတွေသဘောကျနေပုံပဲ။ ဦးကိုလည်း လူထူးဆန်းလို ဝိုင်းကြည့်နေကြရော။ အကြောင်းအရင်းကတော့ အမေက သူတို့ကို ကျွန်တော် Omega အဖြစ်မျိုးစိတ်ပြောင်းသွားကြောင်း ဦးက Enigma ဖြစ်ကြောင်းပြောလိုက်တာကို။ Enigma ဆိုတာက အရမ်းရှားတဲ့ မျိုးစိတ်မျိုးလေ။ အဲ့တော့ ကြားဖူးနားဝသာရှိတဲ့ Enigma မျိုးစိတ်က သူတို့ရှေ့ရှိနေတော့ အထူးအဆန်းဖြစ်နေတာတော့ မဆန်းပါဘူးလေ။
အချိန်အနည်းအငယ် အကြာမှာတော့ လူလည်းအတော်ကျဲသွားပြီ။ ဦးကတော့ ကျွန်တော့်ကို သူ့မိတ်ဆွေတိုင်းနဲ့ လိုက်မိတ်ဆက်ပေးတယ်။ ဦးလက်ကိုတွဲပြီး လူတွေရှေ့ပွဲထွက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့တဲ့ အတွေးတွေ အမှန်တယ် ဖြစ်လာတော့ အိမ်မက်လားလို့တောင် ထင်မိတယ်။ အိမ်မက်သာဆို မနိုးထလာပါနဲ့တော့။
"သုတ!"
ဦးက သူ့မိတ်ဆွေ အချို့နဲ့ စကားပြောနေလို့
ဦးဘေးမှာရပ်နေတုန်း Rue က ခပ်တိုးတိုး လှမ်းခေါ်တာကြောင့် ဦးကိုခွင့်တောင်းပြီး
Rue ဆီကိုသွားလိုက်တယ်။"ဦး ဟိုဘက်ခနသွားချင်လို့"
"ရတယ် သွားလေ"
"Rue! ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ငါပြန်တော့မယ်လို့ပြောမလို့"
"ပြန်တော့မလို့လား နေသစ်ကိုလိုက်ပို့ခိုင်းရမလား"
"မလိုပါဘူး ငါ့အိမ်ကလာကြိုပါတယ် မင်းကိုနှုတ်ဆက်ဖို့ခေါ်လိုက်တာ"
"အေးပါ။ ဒါနဲ့ Rue..."
"ဟမ်!"
"ငါပြောတာကို မမေ့နဲ့နော်"
"အမ်....အေးပါ ငါသွားတော့မယ်နော်"
"အေးအေး တာ့တာ! နောက်မှတွေ့မယ်"
တစ်ဦးနဲ့တစ်ဦး နွေးထွေးစွာဖက်ပြီး နှုတ်ဆက်လိုက်တယ်။
"တာ့တာ သုတ!"
ဖြည်းဖြည်းချင်း အဝေးကို လျှောက်သွားတဲ့ Rue ကိုကြည့်ပြီး သုတတွေးမိလိုက်တယ်။
တစ်ခါတစ်လေမှာ ကံတရားက ဘာမှမဆိုင်တဲ့ သူနှစ်ယောက်ကိုလဲ နီးစပ်ပြီး သံယောဇဉ်တွယ်အောင် လုပ်တက်တာပါပဲလား။