Part 23

7.1K 336 71
                                    

"နေသစ်! နေသစ်!! ခဏလေးစောင့်ပါဦး။ငါရှင်းပြတာလေးတော့နားထောင်ပေးပါ။"

နေသစ်ကကျွန်တော်ရှင်းပြတာလုံးဝနားမထောင်ပဲ ဓာတ်လှေကားထဲကိုဝင်သွားတာကြောင့် ကျွန်တော်ပါအမြန်လိုက်ဝင်လိုက်ရတယ်။

"နေသစ်! နေသစ်ရယ် ငါ့ကိုအချိန်ခဏလေးပဲပေးပါ။ ငါလေ...ငါ...."

"မင်းကိုငါကြည့်ကိုမကြည့်ချင်တာ"

"ဟမ်!"

"အေးဟုတ်တယ် မင်းငါ့နေရာကဝင်ပြီးစဉ်းစားဘူးလား။ ငါအချုပ်ထဲရောက်နေတဲ့အချိန်မှာ ငါ့အချစ်ဆုံးသူငယ်ချင်းကို ငါတစ်ချိန်လုံးမျှော်နေခဲ့တယ်။ဒါပေမယ့်မင်းရောက်မလာခဲ့ဘူး။ နောက်ကျငါ့သူငယ်ချင်းက ငါ့ရည်းစားနဲ့ ခိုးပြေးသွားတယ်လို့သိရတယ်။
အဲ့အချိန်မှာ ငါဆိုတဲ့စောက်တုံးက ရည်းစားကိုကျော်ပြီးသူငယ်ချင်းကို ယုံကြည်ခဲ့တာ။
ငါ့ရည်းစားက ငါ့ကိုသစ္စာဖောက်ရင်တောင် ငါနဲ့ ၁၀နှစ်လုံးလုံး ညီအကိုအရင်းလိုနေလာခဲ့တဲ့သူကတော့ ငါ့ကိုအဲ့လိုမလုပ်ဘူးဆိုပြီးတော့ ငါယုံကြည်ခဲ့တာ။ ဒါပေမယ့် အဲ့ယုံကြည်မှုအားလုံးက တရားခွင်နေ့မှာတော့ တစ်စစီပျက်စီးသွားတာ။ ငါမလုပ်ခဲ့တဲ့အရာအတွက် ငါလုပ်တယ်လို့ ချောက်ချတဲ့ video မှာ ငါယုံကြည်ပါတယ်ဆိုတဲ့ကောင်ရဲ့ မျက်နှာပေါ်လာခဲ့တာလေ။အဲ့တာမင်းမျက်နှာပဲ။ ငါ့ဒယ်ဒီသာငါ့ကိုမထုတ်ပေးရင် ငါထောင်ဘယ်နှနှစ်ကျမှာလဲမင်းသိလား။ ငါမေးနေတယ်လေ!!!!!"

"ငါ...ငါမသိဘူး...ငါမသိပါဘူး...နေသစ်ရယ်"

"၁၂ နှစ် ၁၂နှစ်ကွ "

"ငါတောင်းပန်ပါတယ် ငါအဲ့လိုမရည်ရွယ်ခဲ့ပါဘူး"

"ခုတော့ ငါ့နာမည်‌နောက်မှာ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်က အလိုလိုကပ်ပါနေပြီ။ ငါဒီလိုဘဝကိုပြန်ရောက်လာဖို့လေ ငါ့လက်မှာသွေးတွေစွန်းခဲ့ရတာ ငါ့ကိုဒုက္ခပေးခဲ့တဲ့
ငါအရမ်းမုန်းရတဲ့ မူးယစ်ဆေးဝါးတွေကို
ခုဆို ငါ....ငါ....ဟာကွာ!!!ငါအဲ့တာတွေနဲ့ ငါ့ဘဝကိုရပ်တည်ခဲ့ရတာ မင်းကတော့ ရွှေဘုံပေါ်စံပြီး လူတကာနဲ့ လိုက်အိပ်နေတဲ့အချိန် ငါကတော့ နယ်စပ်ဘက်မှာ အသက်လုနေခဲ့ရတာ။"

LOVE POISON { Season 1 }Where stories live. Discover now