"သားလေးလာ။ နေသစ်တောင်ပြန် ရောက်လို့ရေမိုးချိုးပြီးပြီ။ မြေးလေးကိုတောင်သွားခေါ်တယ်။ သားတို့ကကြာလိုက်တာ။ ခေါင်းတွေလည်း မခြောက်သေးပါလား။ ခုမှရေချိုးပြီးတာလား။"
"ဟုတ်ကဲ့အမေ။"
"ဟယ်...ရေကို စောစောစီးစီးမချိုးဘူးကွယ်။တက်သွားတာဖြင့်နေ့လည်တည်းက။"
"သုတ.....ထိုင်လို့အဆင်ပြေလား။"
ဦးဆီက နှစ်ယောက်ကြားရုံလောက်တင် မေးလိုက်တဲ့ အသံကြောင့် သူအဆင်ပြေကြောင်း
ခေါင်းညိမ့်ပြလိုက်တယ်။"ဖေဖေ!!!!"
"ထိပ်တန်းလေး။"
အနားမရောက်ခင်ထဲက ကိုယ့်နာမည်လှမ်းခေါ်တဲ့ ကလေးကြောင့် လှည့်ကြည့်ပြီး ပြန်ထူးရသေးတယ်။
"အဟင့် ဖေဖေ ဗြဲ!!!!!!"
"သားလေးလာ...လာ ဖေ့ဖေ့ဆီလာ။ ဘာလို့ငိုတာလဲ။"
ကိုယ်ပြန်ထူးတော့ ကိုယ့်ကိုသေချာကြည့်ပြီးမှ နေသစ်တို့ Rueတို့လက်ထဲကနေပြေးလာပြီး ငိုတဲ့ကလေးကြောင့် ကိုယ့်မှာ ပြာပြာသလဲ ချော့ဖို့လုပ်ရသေးတယ်။
"ဖေဖေက သားသားကို ထားခဲ့တယ်။သားသားက ဖေဖေ့ကို နေ့တိုင်းသတိရနေတာ ဖေဖေက သားသားကိုမချစ်တော့ဘူးလားဟင်။ သားကိုအဲ့တာကြောင့်ထားခဲ့တာလား။ အဟင့်"
"မျက်လုံးတွေကိုမပွတ်နဲ့နော်။ ဖေဖေက....ဖေဖေ အဟင့်..."
သုတတကယ်ကိုဘာပြောရမှန်းမသိတော့ပါ။ ဘာမှမသိသေးတဲ့ကလေးကတောင် သူ့ကိုသတိရနေခဲ့တာကို သူကတော့ကလေးကို သတိတောင်မရပဲ ဒီမှာပျော်ရွှင်နေတာ။
သူ့လောက်အသုံးမကျတဲ့ အဖေရှိဦးမှာလား။"သုတ...."
"သားရယ် မငိုနဲ့လေ။ မြေးလေး မငိုနဲ့နော် ဖေဖေ့ဗိုက်ထဲမှာ ကလေးလေးရှိတယ်သားရဲ့။
အဲ့လိုဖေဖေငိုရင် အထဲက ကလေးလေးကပါ ငိုလိမ့်မယ်။""ကလေး....ဒီထဲမှာ ကလေးလေးရှိတာလား။"
"ဟုတ်တယ် သား...ဖေဖေ့ဗိုက်ထဲမှာကလေးရှိတယ်နော်။"
"အဲ့တာဆို ဖေဖေငိုနဲ့တော့ သားသားလည်းငိုတော့ဘူး။"
သူ့လက်သေးသေးလေးတွေနဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးနေတာမို့ သုတ ပိုဝမ်းနည်းမိတယ်။