"ဒယ်ဒီ Rueဒီနေ့လိုက်ရမှာလားဟင်!"
"မလိုက်နဲ့။"
"ဟုတ်ကဲ့"
"Rue ငါပြောထားတာမင်းမှတ်မိလား။"
"ဟုတ်ကဲ့။ Rue ကိုအပြင်လုံးဝမထွက်ရဘူးလို့ပြောထားတာပါ။"
"သိရင်ပြီးတာပဲ။ ငါသွားပြီ။ မိုက်ကယ် သေချာစောင့်ကြည့်ထား။"
"ဟုတ်ကဲ့ပါ သခင်ကြီး။"
ဒယ်ဒီက ဘာတွေဖုံးကွယ်ထားတာလဲမသိဘူး။ အရင်လိုမျိုး ကျွန်တော့်ကို အိမ်ထဲမှာ ပိတ်ထားတော့မယ်ထင်ပါတယ်။
_______________"သုတ မင်းဘာလုပ်နေတာလဲ။"
"ဟမ် ဘာမှမလုပ်ပါဘူး ရေသောက်မလို့လေ။"
"ကျစ်! အဲ့ရေဘူးကိုမသယ်ရဘူးလေ။ အလေးကြီးပဲ။"
"ဟဲ့ရောင် ဒါ တစ်လီတာခွဲ ရေဘူးနော်။ လေးမလားကွ။"
"ပေးစမ်းပါ။ မင်းဘယ်လောက်သောက်မှာလဲ ငါထည့်ပေးမယ်။"
"ဟာ ရော့!ရော့!"
နေသစ်ရဲ့အဖြစ်သည်းနေပုံကိုကြည့်ပြီး Rue ကိုသတိရမိတယ်။ သူ့တုန်းကဆို သူ့ဟာသူပဲ
အဆင်ပြေအောင်နေခဲ့ရတာ။"နေသစ်..."
"ရော့ သောက်.."
"ဟဲ့ရောင်!"
"ဘာလဲကွာ"
"မင်းသိလား မင်းငါ့ကိုခုလိုဂရုစိုက်နေတော့ ငါRueကိုသတိရမိတယ်။ သူ့တုန်းကအရမ်းပင်ပန်းခဲ့တာ။"
"သူ့အကြောင်းပြောမနေနဲ့။ ကိုယ်လုပ်စရာရှိတာလုပ်။"
"နေသစ်! သူ့အပြစ်မဟုတ်ဘူးလို့ငါပြောတယ်နော်။ သူလည်းနစ်နာတဲ့သူပဲ။"
"အဲ့တာ မင်းကို ဓားနဲ့ထိုးသွားတဲ့ကောင်နော်"
"အဲ့လိုပြောကြေးဆို သူက မင်းကလေးရဲ့ အဖေလေ။"
"ထိပ်တန်းအကြောင်းထည့်မပြောနဲ့။"
"မင်းသူ့ကိုခွင့်မလွှတ်ချင်ဘူးလား။ နေသစ်ရယ်။"
"သူ့အဖေသေရင်တော့ ငါခွင့်လွှတ်လိုက်မယ်။"
"ဒါပေမယ့်..."
"တော်လိုက်တော့ သုတ။ အဲ့အကြောင်းပဲဆက်ပြောနေဉီးမယ်ဆိုရင်တော့ငါသွားတော့မယ်"