"ဝင်!!!!!!"
ကားထဲဝင်တာနဲ့ အဲ့ကလေး ခေါင်းငုံ့ပြီး ငြိမ်နေတာ လှုပ်တောင်မလှုပ်ဘူး။
"ပေးစရာဆင်ခြေရှိလား"
"......"
"ဘာမှမပြောတော့မရှိဘူးဆိုတဲ့သဘောပေါ့ မင်းရဲ့ဖုန်းပေး"
"ကျွန်တော်ပြန်သွားမှာ"
"မင်းသိပ်သွားချင်နေတာလား"
"ကျွန်တော်ပြန်သွားမှာ"
"ကောင်းပြီလေ အဲ့တာဆိုပြန်မသွားနဲ့တော့ မင်းကိုဒီညပိုင်ရမယ့်သူကငါ ဒီမှာပဲ အပြတ်ဖြတ်တာပေါ့"
ဦးက ပြောပြီးပြီးချင်း ကျွန်တော့်ခါးကိုသူ့လက်တစ်ဖက်ကဆွဲဖတ်ပြီး သူ့လက်နောက်တစ်ဖက်ကကျွန်တော့်ခေါင်းကိုကိုင်ကာအနမ်းကြမ်းကြမ်းတွေနဲ့ဆက်ဆံလာတယ်။ပထမတော့ ကျွန်တော် လည်းကြောင်သွားတာကြောင့်ဘာမှမတုန့်ပြန်မိဘူး။
ကျွန်တော်နမ်းလိုက်တာနဲ့ကြောင်သွားပြီးဘာမှမတုန့်ပြန်နိုင်တဲ့ကလေးက ဟိုကိုပြန်သွားမယ်တဲ့လေ။ဒီကလေးကို မှတ်သွားအောင်တော့ဆုံးမပေးရမှာပေါ့။ သူ့ခေါင်းကိုကိုင်ထားတဲ့လက်ကိုသူ့ဆံနွယ်တွေကြားတိုးဝင်ပြီး သူ့ဆံပင်ကိုဆွဲလိုက်တယ်။
"အာ့"
သူ့ဆံပင်ကိုဆွဲလိုက်တော့ သူအော်ပြီး သူ့ပါးစပ်ပွင့်သွားတာနဲ့ သူ့ပါးစပ်ထဲကို ကျွန်တော့်လျှာဖျားထည့်လိုက်ပြီး နည်းနည်းကစားပေးလိုက်မှ အသိဝင်လာပြီး ကျွန်တော့်ရင်ဘက်ကိုထုလာတော့တာပဲ။ ပထမချက်ချင်း မလွှတ်ပေးပဲ ဆက်နမ်းနေတော့ အတင်းတွန်းပြီးထုလာတာကြောင့် ခဏကြာမှလွှတ်ပေးလိုက်တယ်။
ပြွတ်!
ဟက် လွှတ်ပေးလိုက်မှ သူ့နှုတ်ခမ်းကိုအသည်းအသန်တွေသုတ်နေတာ ခုလောက်ဆိုမှတ်သွားလောက်ပြီ။
"ကျွန်တော့်ကိုအဲ့လိုလာ မဆက်ဆံပါနဲ့"
"ခုကြအဲ့လိုမဆက်ဆံပါနဲ့တဲ့လား မင်းပြောတော့ပြန်သွားမှာဆို"
"ဦးကဘာသိလို့လဲ ကျွန်တော်ဒီလိုမှမလုပ်ရင် ကျွန်တော့်အဖေကပိုက်ဆံမပေးနိုင်လို့ထောင်ကျမှာ ကျွန်တော့်အမေကလည်းရောဂါသည် ကျွန်တော့်ညီမလေးကလည်း ခုမှအပျိုဖော်ဝင်ခါစ။ သူ့အဖေကထောင်ထဲမှာဆိုရင် သူဘယ်လောက်ရှက်လိုက်မလဲ ခင်များ ဘာမှမသိပဲဝင်မရှုပ်နဲ့"