"ဆရာ့အသံ ကြားရလား"
"ဟုတ်ကဲ့"
"အူနေသေးလား"
"လေတွေထွက်နေသလိုကြီးဖြစ်နေသေးတယ်"
"အဲ့လိုကတော့ သုံး၊လေးရက်လောက် ဖြစ်နေဦးမှာပဲ။ ဘာမှတော့ မဖြစ်ဘူးနော်။ အဲ့ဒါဆို နားထဲခပ်ဖို့ ear dropsတစ်ဘူးပေးလိုက်မယ်။"
"ဟုတ်ကဲ့"
"အဲ့ဒါဆိုပြန်လို့ရပါပြီ"
"သုတ လာ"
"လွှတ် ကိုယ့်ဘာသာလျှောက်နိုင်တယ်"
ဆရာဝန်က အိမ်ပြန်လို့ရပြီဆိုလို့ သုတ
ကုတင်ပေါ်ကဆင်းတဲ့အချိန် လက်လှမ်းဆွဲပေမယ့် ဆက်ကနဲခါချတဲ့ကလေးကြောင့် ကိုယ်လည်း ဘာလုပ်ရမှန်းတောင်မသိတော့။"ခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါ ခင်မျ"
ဆရာဝန်ကိုနှုတ်ဆက်ပြီး သုတရဲ့နောက်သာ မြန်မြန်လိုက်သွားတော့တယ်။ ကားဆီရောက်တာနဲ့ ကားနောက်ခန်းထဲ သူ့ဟာသူဝင်ကာထိုင်နေတဲ့ သုတကြောင့် ကိုယ်လည်းသူ့ဘေးသာ ဝင်ထိုင်လိုက်တော့တယ်။
"code 1 အိမ်ကိုမောင်းတော့"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ကားလေးကသူ့အရှိန်နဲ့သူ တစ်ရွေ့ရွေ့မောင်းနေပေမယ့် သုတဆီကတော့ ဘာသံမှ မကြားပေ။ ကိုယ်လည်းတောင်းပန်ချင်ပေမယ့် ကားပြတင်းဘက်လှည့်ကာ ကိုယ့်ကိုကျောပေးထားတဲ့ ကလေးကြောင့် ဘယ်ကနေ ဘယ်လို စတောင်းပန်ရမှန်းတောင်မသိတော့။
"သုတ...."
"......."
"သုတ....ဦးမှားသွားတာပါ။ ဦးဘက်ကိုလှည့်ပါဦးနော်။ သုတ စိတ်ဆိုးနေရင် ဦးကို ပြန်ပြောချင်ပြန်ပြောလို့ရတယ်။ ခုလိုတော့ နောကျောကြီး ပေးပြီး ဘာမှမပြောပဲ မနေပါနဲ့"
"......"
"သုတ ဦးတောင်းပန်ပါတယ်။ ဦး နောက်တစ်ခေါက် အဲ့လိုမဖြစ်စေရဘူးလို့ကတိပေးတယ်။သုတ.....ငိုနေတာလား"
ကိုယ်တောင်းပန်နေတုန်း တသိမ့်သိမ့်တုန်လာတဲ့ကျောလေးကြောင့် ငိုနေတယ်ဆိုတာသေချာပါပြီ။
"သုတ....သုတ....ဒီဘက်လှည့်"
"လွှတ်!"
"သုတ ဦးတောင်းပန်ပါတယ် လာပါ"