ထိုအမခေါ်တဲ့ ကော်ဖီဆိုင်က တကယ့်ကိုအဆင့်မြင့်ပြီးဈေးကြီးတဲ့ပုံပဲ။နေသစ်က ခုလိုဆိုင်တွေကိုအမြဲခေါ်ပေမယ့် အမြဲ နေသစ်ပဲရှင်းနေရတာမို့ ဈေးကြီးတဲ့ဆိုင်တွေကို အကြောင်းရင်းမရှိပဲ မသွားကြဘူးလို့ ကတိထား ထားကြတယ်။
"ထိုင်လေမောင်လေး "
"ဟုတ်ကဲ့အမ.."
"ဘာများသုံးဆောင်မလဲရှင့်"
"မောင်လေးဘာမှာချင်လဲ..."
"အာ...ရပါတယ် အမအဆင်ပြေတာသာမှာလိုက်ပါ..."
"Ok ပါ အမတို့ကို latte နှစ်ခွက်ပဲပေးပါ။ မုန့်မှာဦးမလား"
"မယူတော့ဘူး အမ"
"အာ့ဆို အဲ့ဒါပဲယူတော့မယ်နော်"
waitress အမထွက်သွားတာနဲ့
"ကဲ အမတို့အလုပ်ကြောင်းပြောရမယ်ဆိုရင် အမတို့ကဖျော်ဖြေသူလို့ပြောရမှာပေါ့"
"ခင်ဗျာ..."
"ဟုတ်တယ် အမတို့က ပျော်ရွှင်မှုလိုအပ်နေတဲ့သူတွေကို ခဏတာပျော်ရွှင်မှုရအောင်ဖျော်ဖြေပေးရတာ"
"ဘာဖျော်ဖြေတာလဲ အမ စင်မြင့်တွေမှာဖျော်ဖြေရမှာလား ""ဟွန်း ...မောင်လေးရယ် အဲ့လောက်ရိုးရှင်းမလား မောင်လေးနားလည်အောင်ပြောရမယ်ဆိုရင်တော့ အမတို့ကခန္ဓာကိုယ်သုံးပြီးဖျော်ဖြေရတာ ဒါပေမယ့်အမတို့ကကြေးကြီးတယ်။ ထိပ်တန်းသူဌေးတွေပဲသုံးနိုင်တဲ့ အသုံးတော်ခံ"
"အမ ခုဆိုလိုချင်တာက"
"အမတို့က ကြေးမြင့်တဲ့ပြည့်တန်ဆာတွေပဲ။"
ကျွန်တော်အံ့ဩမိသွားတယ်။ကျွန်တော်တကယ်မထင်ခဲ့မိတာ။ဒေါသလည်းထွက်မိတယ်။
"ဒုန်းးးးးကျွန်တော်မလုပ်နိုင်ဘူး အမ"
ဒေါသကြောင့်ကျွန်တော်လည်း ခုံကိုထုပြီး ထလိုက်မိတယ်။လူတိုင်းရဲ့မျက်လုံးတွေကကျွန်တော်တို့ ဝိုင်းဆီရောက်လာကြတယ်။
ထိုအမကတော့တည်ငြိမ်နေပုံနဲ့"စိတ်လျှော့ပြီးထိုင်ပါဦး လူတွေကြည့်နေကြပြီနော်"
သူပြောတော့မှဆိုင်ထဲကလူတွေ ကျွန်တော်တို့ကိုအကုန်ဝိုင်းကြည့်နေတာသတိထားမိတာကြောင့် ကျွန်တော်လည်း စိတ်လျှော့ပြီးပြန်ထိုင်လိုက်တယ်။