"ထိုင်ပါဗျ"
"ဟုတ်ကဲ့ပါ"
"Black coffee တစ်ခွက်ပေးပါ။ ဒီကအကိုနဲ့အမ ရောဘာသောက်မလဲ"
"ဦးလေးကို ရိုးရိုးကော်ဖီပဲပေးပါ။"
"အန်တီ့ကို ဖရဲသီး ဖျော်ရည်ပဲပေးပါ။"
waiter ကောင်လေးထွက်သွားတဲ့အချိန်မှာတော့စကားဝိုင်းလေးကတိတ်ဆိတ်နေခဲ့ကြတယ်။ကြည့်ရပုံထောက်ရင်တော့ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူကစကားစရမှန်းမသိလို့ဖြစ်မယ်။
"ဟို....ခုလိုအမှတ်တမဲ့ဆုံမယ်လို့မထင်ထားဘူးနော် အိမ်နားကဈေးကို ဘာလာဝယ်တာလဲဟင်"
သုတရဲ့အမေဖြစ်သူ ဒေါ်နုနုမှ အနေခက်သည့်စကားဝိုင်းကို စတင်အသက်သွင်းလိုက်ခြင်းဖြစ်သည်။
"ကျွန်တော် တမင် အမနဲ့အကို ကို တွေ့ချင်လို့လာတာပါ။"
"ရှင်"
"ဟုတ်ပါတယ် ပြောစရာရော မေးစရာရောရှိပါတယ်"
"ဟို...."
"ကျွန်တော် ပြောပါရစေ ကိုသူရိန်!"
"ရပါတယ် ပြောပါ"
"ကျွန်တော့်သားက နေသစ်အပေါ်မှာ အမှားလုပ်ခဲ့မိပါတယ်။ ကျွန်တော်တို့အဲ့အတွက်လည်းတောင်းပန်ပါတယ်။"
"ဟုတ်ပါတယ်ရှင် ကျွန်မလည်းအဲ့ကိစ္စအတွက်တောင်းပန်ပါတယ်။"
"အဲ့ကိစ္စကိုခဏထားလိုက်ပါ။ ခုလာတာက သုတရဲ့ အသက်နဲ့ပါသက်ဆိုင်နေတဲ့ကိစ္စကို ဆွေးနွေးချင်လို့ပါ။"
"ဗျာ ဘာကိစ္စလဲ"
"ကျွန်မသား ဘဖြစ်လို့လဲဟင်"
"စိတ်အေးအေးထားပါ။ ကျွန်တော် အစကနေအဆုံး သေချာရှင်းပြပါ့မယ်"
"ဟုတ်ကဲ့ မြန်မြန်လေးပြောပါရှင်"
"ပထမဦးဆုံး ဒီက အကိုနဲ့အမ နားနဲ့မနာ ဖဝါးနဲ့ နာပေးကျပါ။"
"ရှင်!"
"ဗျာ"
"ဟို ကျွန်တော်လည်း မျက်နှာပူပေမယ့် ပြောရမှာမို့လို့ပါ။ သုတလက်မထပ်ခင်က ကျွန်တော်နဲ့ သုတ တစ်ဦးနဲ့တစ်ဦး သဘောကျခဲ့ဖူးပါတယ်။"