Flash Back
"ပါးပါး!!!!သား ဆုရလာတယ်။"
ဆုလေးကိုကိုင်ကာ ပျော်ရွှင်စွာ ခုန်ပေါက်ပြီး အိမ်ထဲဝင်လာတဲ့ဆယ်နှစ်သားအရွယ်ကလေးလေးကတော့ အပြစ်ကင်းစင်လှပါတယ်။
"ဟယ် ပါးပါးရဲ့ သားလေးက ဆုရလာတာပဲ တော်လိုက်တာ ပါးပါးဆီလာပါဦး"
"ပါးပါး ဒီမှာကြည့် မိုက်တယ်မလား"
"မိုက်တာပေါ့ ပါးပါးသားကအတော်ဆုံး"
"ဘာဆုလဲ"
ပျော်ရွှင်စွာ ပွေ့ဖက်နေတဲ့ သားအဖ နှစ်ယောက်ရဲ့ နောက်မှ ထွက်လာတဲ့ အသံက နှစ်ယောက်လုံးကို တောင့်တင်းသွားစေခဲ့တယ်။ ကလေးလေးကတော့ သူ့ပါးပါးဖြစ်သူရဲ့ အနောက်ကို ချက်ချင်းဝင်ပုန်းနေတယ်။
"အကို..ကလေးကဆုရလာတာ"
"ငါဝဏ္ဏမင်းကို မေးနေတာ မင်းကိုမေးလို့လား"
"ကလေးက...."
"ငါမင်းကိုမမေးဘူးလို့ ပြောနေတယ်။
ဟိုကောင်ဖြေလေ""သား....သား ဒုတိယဆုရလာတာပါ။"
"ထင်သားပဲ ပထမကဘယ်သူလဲ"
"သူ..သူရိန်မဟာပါ"
"ဟက် ငါ့ကို အဲ့ဆုပေးစမ်း"
ချလွမ်!!!!
"အီးဟီး သားဆုလေး!!!!"
"အကိုရယ် ဘယ်လိုလုပ်လိုက်တာလဲ"
ကလေးဆီက ဆုကိုဆွဲယူကာ ရိုက်ချိုးလိုက်တဲ့ ခင်ပွန်းဖြစ်သူကြောင့် အံ့ဩမိတယ်။
"သားလေး တိတ်တော့နော်"
"သားဆုလေး သားစာတွေအများကြီး ကျက်ထားရတာ အီးဟီး!!!!!"
"မငိုပါနဲ့ သားလေးရယ်"
"ဟက် အသံတွေကတော့ တစ်လေသံထဲ မင်းမှတ်ထားဝဏ္ဏမင်း မဟာအိမ်တော်ကို မကျော်နိုင်သရွေ့ အောင်မြင်တယ်လို့ မခေါ်ဘူးကွ။"
"သားမသိဘူး!!!!သားဆုပြန်လျော်ပေး"
"သားရယ် တိတ်တော့နော်"
"မင်းက ဒီအရွယ်လေးနဲ့ ပြန်ခံပြောရဲ တယ်ပေါ့လေ။ မင်းလာခဲ့စမ်း"
"သားလေး သွားတော့ အကိုတော်ပါတော့"
သူ့ကိုရိုက်ဖို့ ပြင်နေတဲ့ ဒယ်ဒီ့ကို ပါးပါးက အတင်းဆွဲထားတယ်။ သူကတော့ ခြေထောက်ကဖိနပ်တွေ ကျွပ်ထွက်တဲ့အထိ
ခြံထဲကိုပတ်ပြေးနေတယ်။ ဆယ်နှစ်ကလေးအရွယ်တစ်ယောက်အတွက် ရက်စက်လွန်းရာကျပေမယ့် ခြေထောက်တွေပေါက်တဲ့ထိပြေးခဲ့ရတဲ့ ရက်တွေက နည်းမှမနည်းပဲ။ သူ ပြေးရတဲ့အချိန်တိုင်း၊အရိုက်ခံရတဲ့ အချိန်တိုင်းမှာ အကြောင်းပြချက်က တစ်ခုပဲရှိတယ်။ အဲ့တာ သူရိန်မဟာဆိုတဲ့ သူနဲ့ရွယ်တူ မဟာအိမ်တော်ကသခင်လေးပဲ။ သူရိန်မဟာဆိုတဲ့တစ်ယောက်ကို သူသိပ်မုန်းတာပဲ။ သူအရိုက်ခံရတိုင်း ပါးပါးကအမြဲ သူ့ကိုကာကွယ်ပေးခဲ့တယ်။ ဒါပေမယ့် သူအသက် ၁၄နှစ်သားမှာတော့ စိတ်ဆင်းရဲဒဏ်မခံနိုင်တဲ့ ပါးပါးက သူ့ကိုထားပြီး လောကကြီးနေထွက်သွားခဲ့တယ်။
-
-
-
သူရင်ခုန်တက်စအရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ပထမဆုံးရင်ခုန်သံကို ကောင်လေးတစ်ယောက်က သိမ်းယူခဲ့တယ်။ ထိုကောင်လေးကို သူတွေ့ဆုံခဲ့ပုံကလည်း ဆန်းကျယ်လွန်းပါတယ်။