ဖြောင်းးးးဖြောင်းးးးဖြောင်းးးး
"ဟားးးဟားးးဟားးး အဲ့လောက်လွယ်လွယ်ကူကူ ချဉ်းကပ်နိုင်မယ်မှန်းသိရင်ဒီထက်စောစော အစီအစဉ်ဆွဲခဲ့ပါတယ်။ Rue မင်း မဆိုးဘူးပဲ။ ငါဘာလိုချင်လဲဆိုတာမင်းသိတယ်နော်"
"ဟုတ်ကဲ့ ဒယ်ဒီ"
"အဲ့လိုပဲဖြစ်နေရမယ်လေ"
"ဒယ်ဒီ Rue သူ့ကိုတကယ်သဘောကျမိရင်.."
"အဲ့စကားကိုဆက်မပြောနဲ့။ ကိုယ့်တာဝန်ကိုယ်သိစမ်းပါ။ မင်းကိုနှစ် နှစ်ဆယ်လုံးလုံးကျွေးမွေးထားခဲ့သမျှက ဘာမှ မဟုတ်တဲ့မင်းရဲ့ခံစားချက်ကြောင့် ငါ့အစီအစဉ်အားလုံးကိုပျက်စီးသွားစေဖို့မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
"မင်းပါးစပ်က အဲ့အကြောင်းထပ်ထွက်လာရင် မင်းကိုနေပူထဲမှာ ဒီခြံတစ်ပတ် လမ်းလျှောက်ခိုင်းမယ် မကြောက်ရင်စမ်းကြည့်လိုက်လေ"
"Rue တောင်းပန်ပါတယ် ဒယ်ဒီ"
ဒယ်ဒီက ဘာလို့အဲ့လောက်ထိကျွန်တော့်အပေါ် အေးစက်နိုင်ရတာလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး။မိခင်မေတ္တာဆိုတာ ဘာမှမသိလိုက်ရတဲ့ ကျွန်တော်က ဖခင်မေတ္တာဆိုလည်းမရခဲ့ဘူး။ဘယ်ဘဝကဝဋ်ကြွေးတွေပါလိမ့်နော်။
______________
"ကျွီ"
"အမေ့!!!! လန့်လိုက်တာ မင်းအပေါက်ဝမှာရပ်စောင့်နေမယ်ဆိုလဲ အသံလေးဘာလေးပေးလေ"
"ငါ ကျောင်းဆင်းချိန်ထဲက ဒီအပေါက်ဝမှာစောင့်နေတာ"
"ဖယ် ငါဖိနပ်ထားဖို့.... အဲ့ ငါးခူပြုံး ပြုံးနေပြီဆိုရင်တော့ သတင်းထူးရှိတယ်ဆိုတာသေချာပြီ"
"That's right! မင်းခန့်မှန်းကြည့် ဘာဖြစ်မလဲဆိုတာ"
"ဒီမှာ မင်းဒီနေ့ လုပ်သမျှထဲမှာ Rue အိမ်သွားတာကလွဲရင် ကျန်တဲ့နေရာကဘာသတင်းထူးမှကြားစရာမရှိဘူး"
"မင်းတော်တော်ဉာဏ်ကောင်းတဲ့ကောင်ပဲ"
"တော်စမ်းပါ ငါ့ကိုငတုံးလို့ပြောတာလည်း မင်းပဲ။ ခုကြမှ အပိုတွေလျှောက်ပြောမနေနဲ့။ ဒါနဲ့ အိမ်မှာ ဘာရှိလဲ"