"ကဲ အားလုံးပြင်ပြီးပါပြီ...."
သူတို့တွေ ဒီတောထဲမှာ တစ်ပတ်လောက်အနားယူပြီးပြီးမို့ ဒီနေ့အိမ်ပြန်ဖို့စီစဉ်နေကြတာ...ခုနောက်ပိုင်း အိမ်ရဲ့စီးပွားရေးက အရမ်းထောင်တက်လာသလို တစ်ဖက်မှာလဲ အလုပ်ကနှစ်ဆဖြစ်လာတယ်။ ဒီတစ်ပတ်လုံးနားနေနိုင်တာကလည်း ဦးနဲ့နေသစ်က အလုပ်အားလုံးကိုအပြတ်ဖြတ်ခဲ့ရတာ.....
"ကဲအားလုံးအဆင်သင့်ဖြစ်ရင် သွားရအောင်..."
"ဟုတ်ကဲ့ ဦး"
"ဒယ်ဒီ....ကျွန်တော်မောင်းမယ်...Rue...အထုတ်တွေ မောင့်ကိုပေးနော်...."
အရမ်းတွေ တည်ငြိမ်ပြနေတဲ့ နေသစ်ကြောင့် သုတ ဦးကို မျက်ခုံးပင့်ပြီးအချက်ပြလိုက်တယ်...ဦးကတော့ ခေါင်းအသာခါပြပြီး ဘာမှ မပြောဖို့ သတိပေးတယ်....ကြည့်ရတာ
ဘိုဘို ယနေ့မှစ လိမ္မာတော့မည်နေရာမှာ
နေသစ်ယနေ့မှစ လိမ္မာတော့မည် လို့ပြောင်းရတော့မှာပဲ....Rue ပြုံးမိတယ်။ မောင်က တကယ်ပဲ သူ့ပုံစံကိုပြင်နေတာပဲ။ သူအရမ်းဝမ်းသာတာပဲ....
"ဖေဖေ....."
သုတ နေသစ်တို့အတွဲကို ကြည့်ပြီးပြုံးစိစိလုပ်နေတုန်း သူ့ရဲ့ဘောင်းဘီကိုဆွဲပြီး တိုးတိုးလေး သူ့နာမည်လာခေါ်နေတဲ့ ရှိန်းကြောင့် သူဘာဖြစ်တာလဲ မေးရဦးမယ်....
"ဘာဖြစ်လို့လဲ သား....."
"ကျားကျားကို တောထဲရိုက်ပို့ပါရား....ကျားကျား နတ်ဆိုးကို နှုတ်ချက် ချင်ရို့ပါ....."
"တော်တော့နော်သားလေး....ဒယ်ဒီသိသွားရင် အရိုက်ခံရမှာ ဖေဖေ့သားက လိမ္မာပါတယ်...ပြီးတော့ နတ်သားဆိုတာလဲ တောထဲမှာမရှိဘူးနော်"
"တကယ်ရှိတာ............"
"တော်တော့ ဆက်မပြောနဲ့တော့....ဖေဖေ့ကိုစိတ်ဆိုးအောင်မလုပ်နဲ့နော်..."
"ဟုတ်ကဲ့...."
"သုတ လာလေ...ထိပ်ထိပ်နဲ့ရှိုင်း တို့တောင် ကားထဲရောက်နေပြီ....."
"အေးအေး လာပြီ...ထပ်မပြောနဲ့တော့နော်..."
"ဟုတ်ကဲ့...."
ထို့နောက်မှာတော့ ကားလေးဟာ တရွေ့ရွေ့ မောင်းနှင်လာခဲ့တယ်..........