ခုဆိုသုတ Rue နဲ့အတူတူနေတာ တစ်ပတ်လောက်ရှိနေပြီ ဒယ်ဒီမလာတာလဲ တစ်ပတ်လောက်ရှိပြီ။သုတကလည်း သူ့ဟာသူအိပ်လိုက် အခန်းထောင့်သွားပြီးခွေခွေလေးနေလိုက် ငိုလိုက် နဲ့ပဲသံသရာလည်နေတာ။ထမင်းလည်း မစားဘူး။ရေတောင် နှုတ်ခမ်းစွတ်ရုံလောက်သောက်တာ။ လူကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေပြီ။ ဒယ်ဒီဘာလို့ခုလိုတွေလုပ်နေလဲဆိုတာနားမလည်နိုင်တော့ဘူး။
"သုတ...သုတ...ထမင်းစားပါလား မင်းထမင်းမစားရင် မင်းဘယ်လိုရင်ဆိုင်မှာလဲ။"
"မင်းစားလို့ဝင်လား မင်းချစ်တဲ့သူက ထောင်ကျလားမကျလားတောင်မသိရပဲဒုက္ခရောက်နေတာနော်!"
"ငါ...ငါ...."
"ငါမင်းကို ပြဿနာမရှာချင်ဘူး ဝေးဝေးမှာနေ"
"သုတရယ်.."
"သွားစမ်းပါ..."
ဘာကိုဘယ်လိုလုပ်ပေးရမလဲဆိုတာ Rue မတွေးတက်တော့ဘူး။ Rue ကအိမ်ထဲမှာပဲဘဝတစ်လျှောက်လုံးနီးပါးအချိန်ကုန်ခဲ့ရတာဆိုတော့ ဘာမှများများစားစား မတွေးနိုင်ဘူး။တွေးလည်းမတွေးတက်ဘူး။ ခုဘာတွေဘယ်လိုဖြစ်ကုန်လဲဆိုတာလည်း Rue ရဲ့ဦးနှောက်ကလိုက်မတွေးနိုင်ဘူး။ Rue သိတာဆိုတာဆိုလို့ Rue နေသစ်ကိုချစ်တယ်။သူနဲ့မခွဲချင်ပေမယ့်ခွဲရမယ်။ပြီးတော့ ကလေးလေးမွေးရမယ်။ အဲ့တာပဲသိတယ်။ ခုကြသုတနဲ့လက်ထပ်ရမယ်။ နေသစ်ကလည်း ထောင်ကျတော့မယ်တဲ့။ Rue ဝမ်းနည်းတယ်။ Rue ငယ်ငယ်လေးထဲက အမြဲဝမ်းနည်းနေရတာ ခုကြပိုဝမ်းနည်းပြီး ရင်ဘက်ထဲကတစ်မျိုးကြီးပဲ။ ဒါပေမယ့် ဒယ်ဒီက Rue ကိုအစားစားရမယ်တဲ့ အဲ့ကြမှကလေးလေးမွေးနိုင်မှာတဲ့။ သုတကပြောတော့ကြ စားဝင်ရဲ့လားတဲ့။ Rue ကဘာလုပ်ရမှာလဲ။
"ကျွီ!"
"ဟိုချောင်ထဲကကောင်ရော့ ရေမိုးချိုးပြီး ဒါဝတ်တဲ့ သခင်ကြီးကမှာလိုက်တယ် သခင်လေး သခင်လေးလဲ အင်္ကျီလဲထားပါတဲ့။"
"ဟုတ်ကဲ့ သုတ!အင်္ကျီလဲကြရအောင်လေ။"
Rue ပြောနေပေမယ့် သုတက Rue ကိုကြည့်တောင်မကြည့်ပဲ အခန်းထောင့်ကဂျောင်ထဲမှာပဲ ထိုင်နေတယ်။
"သုတ...သုတ..."
"ထင်တဲ့အတိုင်းပဲ။ ငါမလာတာနဲ့ မင်းကအချိုးမပြေတော့ဘူး။ ရေချိုးပြီးရင်အဲ့တာတွေဝတ်!။ မင်းမိဘတွေလာမှာ။"