အခန်း (၁၆)

1.7K 229 0
                                    

အခန်း (၁၆)

သွမ့်ကျင်းထျန်သည် ပြန်ရောက်သောအခါ သူကျောင်းတွင် အိမ်စာကို သေချာအာရုံမစိုက်နိုင်ခဲ့သဖြင့် အိမ်တွင် လုပ်ဖို့လိုသေးကြောင်း ဆိုလေသည်။ ဆုဝန်ကမူ သူကျောင်း၌  ဆရာသင်သော သင်ခန်းစာကို သေချာလိုက်နားမထောင်ခဲ့လျှင် ပြန်ရောက်သောအခါ သုံးဆပို၍ အားထုတ်ရလိမ့်မည်ဟု ဆိုလေသည်။

ဆုဝန်က အကယ်၍ ဆရာသင်သည်ကို လုံးဝအာရုံမစိုက်နိုင်လျှင် အကောင်းဆုံးနည်းမှာ ဆရာပြောသည်များကို သံယောင်လိုက်ကာ လိုက်ပြောကြည့်ပြီး မေးခွန်းများ မေးသင့်သည်ဟု ပြောသည်။

သွမ့်ကျင်းထျန်က သူ့ခေါင်းကို ကုတ်လိုက်ကာ “ကိုကို ကလေးဘဝတုန်းက လူတိုင်းက ဆရာ့ဆီသွားပြီး မေးခွန်းတွေ မေးကြတယ်။ ခုဆို ပညာသင်ဖက်တွေလဲ အကုန်ကြီးလာကြပြီဆိုတော့ မကောင်းဘူးလို့ ထင်လို့” ဆုဝန်က “ဒါဆို ကိုကိုငယ်ငယ်ကကော ဆရာ့သင်ခန်းစာတွေကို သေချာ လိုက်နားထောင်တယ်လို့ထင်လား။ ဆရာ့သင်ခန်းစာတွေကို ပိုပြီး ပြင်းပြင်းပြပြ သေသေချာချာ နားထောင်တာလား”

သွမ့်ကျင်းထျန်က “ဒါပေါ့ ကိုကိုကလေးတုန်းကတော့ စာအရမ်းလုပ်တာကို ဒါပေမဲ့ မေးခွန်းကြီးပဲ အမြဲမေးနေရင်ကျ အရမ်းကြီး ထူးဆန်းနေမယ်ထင်တယ်”

သွမ့်ကျင်းထျန်သည် ပုံမှန်အားဖြင့် ဆုဝန်အား စာဖတ်ခြင်းအကြောင်းကို အနည်းငယ်သာ ပြောလေ့ရှိသည်။ ဆုဝန်သည် စာဖတ်သောကြောင့် သွမ့်ကျင်းထျန်သည် စာဖတ်ခြင်းနှင့်ပတ်သက်၍ ဆုဝန်၏ အကြံပေးချက်များကို နားထောင်လေ့ရှိလေသည်။

သို့သော် နောက်နေ့ သူကျောင်းသို့ ရောက်သောအခါ သွမ့်ကျင်းထျန်သည် အာရုံစိုက်၍မရဘဲ စိတ်လည်းမဝင်စား ဖြစ်နေလေသည်။ ဆရာမေးသော မေးခွန်း၏အဖြေကို သူထင်ထင်ရှားရှား သိသောကြောင့် သွမ့်ကျင်းထျန်သည် ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။

ဆရာက သွမ့်ကျင်းထျန်ကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လေသည်။

သွမ့်ကျင်းထျန်သည် အတန်းတစ်ချိန်လုံး ဆရာသင်သမျှကို နီးကပ်စွာ နစ်မြောစီးဝင်ပြီး လိုက်ကြည့်သည်။ သွမ့်ကျင်းထျန် ထူးထူးခြားခြား ပြင်းပြစွာ စာလုပ်နေသည်ကို မြင်သောအခါ ဆရာသည် စာသင်ချိန်အတွင်း သွမ့်ကျင်းထျန်ကို ခဏခဏကြည့်နေမိသည်။ ခက်ခဲသော အပိုင်းများသို့ ရောက်သောအခါ သွမ့်ကျင်းထျန်ကို တည့်တည့်ကြည့်၍ “မင်းရော ငါနားလည်သလို နားလည်ရဲ့လား” ဟု မေးသည်။ လူတိုင်းက မေးခွန်းများ မေးနေသော်လည်း သွမ့်ကျင်းထျန်တစ်ဦးတည်းကို သင်နေသကဲ့သို့ သူ့ကိုပင် ကြည့်နေသည်။

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Where stories live. Discover now