အခန်း (၇၂)

948 128 0
                                    

အခန်း (၇၂)

ကိစ္စဝိစ္စများ အကုန်ပြီးစီးသောအခါ အတော်ပင်နောက်ကျနေပြီ။ ရှန်လင်းနှင့် ဆုဝန်တို့သည် ရထားလုံးကိုမောင်းကာ ချင်းရှီရွာသို့ ပြန်လာခဲ့ကြ၏။

ရထားလုံးရှိနေခြင်းကိုကျေးဇူးပင် တင်ရမည်။ ထိုမျှမဟုတ်လျှင် ဆုဝန်နှင့် ရှန်လင်းတို့သည် ချင်းရှီရွာနှင့် ချင်းယွင်ကောင်တီကို သွားလိုက်လာလိုက်နှင့် အချိန်အတော်ပင် ကုန်နိုင်ပေ၏။

လရောင်က ထိန်ထိန်သာနေသည်။ ဆောင်းညက လွန်စွာ အေး၏။ ရှန်လင်းသည် ရထားလုံးကိုမောင်းနှင်နေစဉ် ဆုဝန်ကမူ ရထားလုံးအတွင်းတွင် ထိုင်နေ၏။

ဆုဝန်သည် ယခုရက်ပိုင်းအတွင်း မာလာထန်းဆိုင်နှစ်ဆိုင်၏ စီးပွားရေးဆိုင်ရာ အခြေအနေများကို ရှန်လင်းနှင့် ပြောဆို ဆွေးနွေးနေသည်။ မုန့်ဈေးလမ်းမှ မာလာထန်းဆိုင်သည် တောင်ဘက်လမ်းဆိုင်ထက် ပို၍ကောင်းသည်။ ပမာဏက အတူတူပင် ဖြစ်သော်လည်း ပို၍ရောင်းကောင်းရခြင်းမှာ မာလာထန်း၏ အရသာမှာ ပို၍အစပ်ကဲသောကြောင့်သာ ဖြစ်ပါပေသည်။

ရှန်လင်းကလည်း ဤသည်မှာ ပိုရောင်းကောင်းသော အကြောင်းပြချက်တစ်ခုဖြစ်သည်ဟု ထင်သည်။ သူနှင့် ဆုဝန်တို့သည် တောင်ဘက်လမ်းကို အကြိမ်ပေါင်းများစွာ သွားလည်ဖူးသည်။ ယန်မိသားစုမှ ညီအစ်ကိုတို့သည် လူံးဝကို နှစ်မြှုပ်ထား၏။ သူတို့သည် အလွန်ယုံကြည်အားကိုးရသော လူများဖြစ်သည်။ ထို့ကြောင့် သူတို့ကို တောင်ဘက်လမ်းဆိုင်တွင် ထား၍ ဝေမျှအလုပ်လုပ်စေနိုင်သည်။ ထို့ကြောင့် သူတို့နှင့်ပတ်သက်၍ ပြဿနာတော့မရှိပါ။ ဆုဝန်ကလည်း အကယ်၍ သူတို့ညီအစ်ကိုသာ အနာဂတ်တွင် ဆိုင်ခွဲဖွင့်လိုလျှင်ဖြစ်စေ၊ အခြားသူများနှင့် အတူတူလုပ်‌လိုလျှင်ဖြစ်စေ၊ ဤနည်းလမ်းအတိုင်း လုပ်နိုင်သည်ဟူ၍ ပြောသည်။

ရှန်လင်းသည် ရထားလုံးအတွင်းတွင် ထိုင်နေသော ဆုဝန်၏ စကားများကို ရှင်းလင်းစွာ ကြားရလေသည်။ သူက ပြောလိုက်သည်။ “အစ်ကို့အမြင်က‌တော့ တို့တွေရဲ့ စီးပွားရေးကို ချဲ့ထွင်ဖို့အတွက်နဲ့ ကောင်တီကနေအရင်ဆုံး ထွက်သွားမဲ့အစား ချင်းယွင်ကောင်တီမှာ စီးပွားရေးကို အခြေခိုင်အောင် အရင်ဆုံးလုပ်သင့်တယ်လို့ထင်တယ်။ အဲ့တာက တို့တွေအတွက် အနာဂတ်မှာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Where stories live. Discover now