အခန်း (၃) မလေးမစား ပြုမှု

2.1K 240 0
                                    

အခန်း (၃) မလေးမစား ပြုမှု

ဝမ်ရှီးသည် စျေးထဲမှ ကြက်တစ်ကောင် ဝယ်လာပြီး စျေးထဲမှ တိုဟူးများစွာ ဝယ်လာလေ၏။ ဆုဝန် အစာကျွေးနေသော ကြက်သည် အရွယ်မရောက်သေးပေ။ ထို့ကြောင့် ယခုအချိန်တွင် ၎င်းကို သတ်ဖို့က နှမြောစရာကောင်းလွန်းနေသဖြင့် ဝမ်ရှီးက တစ်ကောင် ဝယ်လာတာပဲ ဖြစ်သည်။

ကျန်သည့် ဟင်းလျာများကိုမူ ဆုဝန်က ဝမ်မိသားစု နောက်ဖေးခြံဝင်းထဲရှိ ဟင်းရွက်စိုက်ခင်းထဲမှ ခူးလာတာပဲဖြစ်သည်။

ဟင်းသီးဟင်းရွက်များ၌ ငွေခြွေတာနိုင်ရန် ဆုဝန်က ဝမ်မိသားစု အိမ်နောက်ဖက်တွင် ဟင်းရွက်စိုက်ခင်းတစ်ခု ပြုလုပ်ထားပြီး ရေလောင်းပေါင်းသင် ပျိုးထောင်ပေးပြီး အလွန်ဂရုတစိုက် ကြည့်ရှုထားသည်။ စိုက်ခင်းထဲရှိ ဟင်းသီးဟင်းရွက်များက အလွန်လတ်ဆတ်ပြီး ဝမ်မိသားစု စားသောက်ရန် လုံလောက်၏။ ယင်းက ဝမ်မိသားစုကို ငွေကုန်ကြေးကျ သက်သာစေ၏။

ဆုဝန်သည် ဝမ်အမျိုးသမီးဆီမှ ကြက်ကို ယူပြီး ကြက်ကို သေသေသပ်သပ် သတ်ကာ အမွေးနုတ်လိုက်၏။ ထိုသို့ ပြုလုပ်ပြီးနောက် သူမသည် ကြက်ကို အပိုင်းပိုင်း ခုတ်ထစ်လျက် ချင်းကို ပါးပါး လှီးထားသည်နှင့် ရောနှောကာ အိုးထဲ ထည့်လိုက်တော့သည်။ ထို့အပြင် မုန်လာဥ၊ ဂိုဂျီသီးနှင့် စွန်ပလွံသီးများ ကျန်သည့်ပါဝင်ပစ္စည်းများကို ထည့်ပြီး သူတို့အားလုံးကို  ဒယ်အိုးထဲသို့ ထည့်ထားလိုက်လေ၏။ ရေသန့်ထည့်ပြီးနောက် မီးဖိုပေါ်တင်ကာ ဖြည်းဖြည်းချင်း အပူပေးထားလိုက်သည်။

ကြက်စွပ်ပြုတ်အနံ့က ဝမ်မိသားစု အိမ်တွင်း၌ ပျံ့နှံ့လာတော့သည်။ ဟင်းချိုချက်ပြီးနောက် ဆုဝန်သည် ခြံဝင်းကို သန့်ရှင်းရေး စလုပ်တော့သည်။ မနေ့တုန်းက ဆုဝန် သတိလစ်သွားသောကြောင့် သူမ အလုပ်မလုပ်ဖြစ်ပေ။ ဝမ်မိသားစု၏ ခြံဝင်းက ရှုပ်ထွေးနေပြီး ဧည့်သည်များ၏ စားချင်သောက်ချင်စိတ်ကို ထိခိုက်စေလိမ့်မည်။

ဝမ်လော့ရှန်းကမူ ရင်ထဲဒေါသထွက်နေသော်ငြား ဆုဝန်ကို ဒေါသမထွက်နိုင်တော့ပေ။ ဆိုရလျှင် ဆုဝန်က ဧည့်သည်များကို ကြိုဆိုရန် ပြင်ဆင်ပေးနေတာပဲဖြစ်သည်။ 

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Onde histórias criam vida. Descubra agora