အခန်း (၇၅) ငါအောင်မြင်လာတဲ့အခါ

1.1K 173 3
                                    

အခန်း (၇၅) ငါအောင်မြင်လာတဲ့အခါ

ဆုဝန်က ရှန်လင်းကို ‌ကျောင်းတော်အနီးရှိ အိမ်တစ်လုံးဆီသို့ ခေါ်သွားလေ၏။ ခြေလှမ်းအနည်းငယ်သာ လျှောက်ပြီး ရောက်သွား၏။ ဆုဝန်က တံခါးဖွင့်ရင်း ရှန်လင်းကို ပြောလာ၏။

“ အစ်ကိုရှန်လင်း၊ အခုကစပြီး ရှင်နေ့တိုင်း အိမ်ပြန်ပြီး နေ့လယ်စာစားလို့ရပြီ။ စားပြီးရင် တစ်ရေးတမောအိပ်။ အဲဒါဆို နေ့ခင်းကျ လန်းလန်းဆန်းဆန်း စာလေ့လာနိုင်တာပေါ့”

ရှန်လင်းက ရှေ့သို့လျှောက်လာရင်း ဆုဝန်ကို ပြောလိုက်၏။

“ ကိုယ်အရင်ဘဝက ဘယ်လိုကုသိုလ်မျိုးတွေများလုပ်ခဲ့လို့ မင်းလို မိန်းမကောင်းလေးနဲ့ တွေ့ခွင့်ရတာလဲကွာ”

ဆုဝန်က ပြုံးလျက်

“ ရှင် အရင်ဘဝတုန်းက ကောင်းတာတွေလုပ်ခဲ့ရုံတင် မကဘူး။ ဒီဘဝမှာလည်း ကောင်းတာတွေ လုပ်ထားတာပဲလေ”

ရှန်လင်းနှင့်ဆုဝန်သည် စကားပြောရင်း ရယ်မောရင်းဖြင့် ခြံဝင်းထဲ လျှောက်လာကြ၏။ အိမ်ထဲသို့ နေရာချရန် အချိန်မရသည်ကြောင့်  ခြံဝင်းထဲ၌ ‌သယ်ရန် ပစ္စည်းများစွာ ရှိနေသေးသည်။

ဆုဝန်က ရှန်လင်းက ပစ္စည်းနေရာချရန် အလျင်မလိုဘဲ အိမ်ထဲဝင်နားရန် ပြောလေ၏။ ရှန်လင်းလည်း ဆုဝန်နောက် လိုက်၍ ရှန်အိမ်တော်ထဲ ဝင်လာလိုက်သည်။

တံခါးလိုက်ကာကို ဆွဲဖွင့်လိုက်သည်နှင့် နွေးထွေးသည့်လေထုပြင်းပြင်း တိုက်ခတ်လာသည်။ ရှန်ရှီးနှင့် ရှန်ယာယာသည် အခန်းအတွင်းရှိ စားပွဲတွင်ထိုင်လျက် လက်ဖက်ရည်သောက်၊ မုန့်စားနေကြ၏။ အခန်းတွင်း၌ မီးဖိုတစ်ခုလည်း ဖိုထား၏။ မီးသည် နွေးလှ၏။ အနှီသူတို့မှာ အအေးဒဏ်ကို မခံစားရပါချေ။

ဆုဝန်က အိမ်တိုင်း၌ ဤသို့သောမီးဖိုမျိုးရှိကြကြောင်း ရှန်လင်းကို ပြောပြလာ၏။ သို့ဖြစ်ရာ နောက်တွင် အအေးဒဏ်ကို မည်သူမျှခံစားရတော့မည်မဟုတ်ချေ။

ရှန်လင်းက မိန်းကလေးသုံးယောက် နေသောအခန်းများတွင် မီးသွေး ပိုထည့်သင့်ကြောင်း၊ သူ့အခန်း၌ အများကြီး ထည့်ရန်မလိုကြောင်း ပြောလာ၏။ ပထမတစ်ချက်မှာ သူသည် အအေး အရမ်းမကြောက်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ‌တော့ကျောင်းတော်မှ မီးသွေးဖိုများသည် ဤမျှ မီးမတောက်သောကြောင့်ဖြစ်၏။ အကယ်၍ အပူချိန်မတူညီပါက သူ့အတွက် သင့်တော်မည် မဟုတ်ချေ။

မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့Hikayelerin yaşadığı yer. Şimdi keşfedin