အခန်း (၆၂) အဘိုးရှန် အမှုရှုံးသွားခြင်း
ချင်းယွင်ကောင်တီမှ မိန်းကလေးများအနက် ယန်ယွင်ရန်သည် လေးစားဖွယ်အကောင်းဆုံး မိန်းကလေးတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။ ယန်ယွင်ရန်နှင့် အပြန်အလှန် အကျိုးပြုနေသော မိန်းကလေးများသည် ရက်သတ္တပတ်များတွင် ယန်ယွင်ရန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကြ၏။ မာလာထန်းဆိုင်သည်ကား ထိုသို့မဟုတ်ပေ။ ထို့ကြောင့် ကျန်သော မိန်းကလေးများသည် တစ်ယောက်ပြီးတစ်ယောက် သဘောတူကြသည်။ ယန်ယွင်ရန့်အပြင် ချင်းယွင်ကောင်တီရှိ မုန့်စျေးတန်းလမ်းမှ ချီရှီအမည်ရှိဆိုင်သည် မုန့်စျေးတမ်းလမ်းမှ စျေးဆိုင်များအားလုံးအနက် လူအများ၏ သဘောကျခြင်းကို ခံရသည်။ သို့သော် မာလာထန်းမှာ ထိုသို့ မဟုတ်ပေ။
ဤမိန်းမငယ်လေးများသည် သူတို့၏ အမျိုးသားများ သို့မဟုတ် ကြီးမားသောဆွေကြီးမျိုးကြီး စီးပွားရေးသမားများမှ သင်ပေးကြခြင်း ဖြစ်ပေသည်။ သူမတို့သည် ပိတ်ရက်များတွင် လျှို့လျှို့ဝှက်ဝှက် အားထုတ်ကာ ဂုဏ်သတင်းကောင်းများကိုသာ ပျံ့စေ၏။ သို့သော် ယန်ယွင်ရန်မှ အပ အခြားအရည်အချင်းရှိသည်ဟု ကျော်ကြားသောသူတော့ မရှိပါ။ အခြားသူများသည် အတွေးများစွာ တွေးကြသော်လည်း မည်သည့်အကျိုးသက်ရောက်မှု လှိုင်းကမှ ဖြစ်မလာပါပေ။
ယခုအခါ မုန့်စျေးလမ်းသည် ချီရှီဟူသော ခေါင်းစဥ်ကို လွယ်ကူစွာ အောင်မြင်ခဲ့ပြီး ဖြစ်ပြီး ဤလူများအား မသက်မသာ ခံစားရစေ၏။
သူမသည် သာမန် ကျေးလက်သူလေးဖြစ်၏။ သို့သော် သူမသည် ထင်ရှားကျော်ကြားလေသည်။
တည်တည်ငြိမ်ငြိမ်နှင့် ဆုဝန်၏ ကျော်ကြားမှုအပေါ် မကျေနပ်သော မိန်းကလေးအချို့ ရှိနေပါသော်လည်း ထိုမိန်းကလေးများသည် သူငယ်ချင်းများ ဖြစ်ကြပြီး ပိတ်ရက်များတွင် သူတို့သည် မုန့်လမ်းထဲမှ မာလာထန်းကို မကြိုက်ကြကြောင်း ရှင်းလင်းပြောတတ်ကြ၏။ အကယ်၍ သူတို့သည် အတိအကျ မကြိူက်ကြပါလျှင် အခြားမကြိုက်ကြသော မိန်းကလေးများကိုပါ ခေါ်ကာ ဆွယ်ကြမည်ဖြစ်သည်။ ထို့ကြောင့် သူမတို့သည် သူမတို့၏ သဘောထားအမှန်ကို မပြကြပေ။
VOUS LISEZ
မယ်ကံကောင်းလေးရဲ့ ဘဝတစ်ကွေ့
Roman d'amourဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှေစာရင်းထဲတွင် ပါလာပြီး ဝမ်မိသားစုသည် တစ်နေ့ထက်တစ်နေ့ ကြွယ်၀လာတော့သည်။ သို့သော်ငြား ဝမ်မိသားစုသည် သူတ...