Chapter 80

490 67 0
                                    

🧝Chapter 80

လက်ဆောင်ပေးဖို့ လာပေမဲ့ ခြေထောက်ထိခိုက်သွားသည်။ပိုင်ရှင်က ဘယ်မှာမှပုန်းနေပုန်းနေမရတော့ပေ။

ရှုဟွမ်းက ရှန်းကျန့်၏လက်ကို အသာပုတ်ပြီးဆိုသည်။
"ကိုယ်သွားနှုတ်ဆက်လိုက်ဦးမယ်"

ရှန်းကျန့်၏ လှပသော ဗာဒံ​စေ့မျက်လုံးများက ခင်ပွန်းဖြစ်သူ၏ နောက်ကျောနောက်ကို လိုက်ပါသွားသည်။    

ရှုမင်က နှုတ်ခမ်းမဲ့လေသည်။
"တိုက်ဆိုင်လိုက်တာ... လူလှည့်ကွက်ကစားကြတဲ့ မြို့နဲ့လည်း မတူပါဘဲနဲ့"

ဤတစ်ခါ ရှန်းကျန့် သက်ပြင်းချရမည့်အလှည့်ဖြစ်လေသည်။
"...ဒါက ငါ့အပြစ်ပါ"

"မရီး အရမ်းကြီး မစဉ်းစားပါနဲ့...မရီးနဲ့ ဘာမှမဆိုင်ဘူး...မရီးက ကလေးဆယ်လောက်လောက်မွေးပေးထားရင်တောင် သာ့ကောကို ကြိုက်တဲ့သူတွေရှိနေဦးမှာပဲ"

ဤစကားက ရှန်းကျန့်ကို တန်းထိသွား​စေပေမဲ့ သူမက ရယ်လိုက်ဆဲဖြစ်သည်။
"ဘာပြောလိုက်တယ်"

"မင်းပြောတာမှန်တယ်...လာ၊ ဇုံဇီစား... အရမ်းအရသာရှိတယ်"

ရှုဟွမ်း ပြန်လာသောအခါ ရှုမင်ကမေးလိုက်သည်။
"ဘာဖြစ်တာလဲ"

"အဆင်ပြေပါတယ်... တစ်ယောက်ယောက်ကို ရထားလုံးနဲ့လိုက်ပို့ခိုင်းလိုက်တယ်"

ရှုဟွမ်း လှည့်ပြီးဝန်ခံရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။
"အနာဂတ်မှာ စကားပြောရမဲ့လူကို ရှာချင်တယ်ဆိုရင်...လျန်ဖူးရန်က အတော်လေးကြင်နာပြီးစိတ်ထားကောင်းတယ်...သူက ပေါင်းရသင်းရလွယ်လောက်တယ်...မင်းဆန္ဒရှိရင် သူ့ကိုမင်းနဲ့အတူလာထိုင်ဖို့ဖိတ်လို့ရတယ်...ထန်ဝါကျစ်နဲ့ဟူထိုလည်း အတူတူကစားလို့ရတာပေါ့"

ရှန်းကျန့် နားလည်သဘောပေါက်ပြီး ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင်၊ မြောင်သွမ့်အာက ရှုမိသားစု၏ ဇိမ်ခံရထားလုံးကိုစီးကာ အိမ်သို့ ဂုဏ်ယူစွာ ​ပြန်နေသည်။

သူမဘဝတွင် ပထမဆုံး ရထားလုံးစီးရခြင်းဖြစ်သည်။ ဤအချိန်မှာ သူမ ရထားလုံထဲမှာ ရှိသည်ကို လူတိုင်းသိစေချင်၍ ခေါင်းကို ပြင်းပြင်းထန်ထန် ဆန့်ထုတ်ဲ့ပြီး နောက်ဆုံးမှာတော့ တခြားသူတွေ သတိထားမိလာခဲ့သည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now