Chapter 81
May 11, 2024
🧝Chapter 81အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသော မင်းချွင်း ယခု အနည်းငယ် မကျေမနပ်ဖြစ်နေသည်။
ပထမတစ်ခုက မြို့ထဲမှာ ဖွင့်ထားသည့်ဆိုင်ဖြစ်၏။လုပ်ငန်းက ကောင်းပေမဲ့ ပင်ပန်းပြီး ဖရိုဖရဲ ဖြစ်နေသည်။
တိုဟူးအလုပ်ရုံကိုဖွင့်ချိန်က မင်ချွင်းသည် မြောင်မိသားစု၏ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်ကို အားကိုးသောကြောင့် ဆားရည်အနည်းငယ်သာလုပ်ခဲ့ရပြီး လွယ်ကူသောအလုပ်အတွက် ငွေရခဲ့သည်။ ယခု သူ မိမိလက်ဖြင့် အရာရာကို လုပ်ရမည်ဖြစ်ပြီး ငွေရှာနိုင်သည်ကို သူသိသော်လည်း ပင်ပန်းနွမ်းနယ်နေဆဲဖြစ်သည်။ ဝတ္ထုထဲမှာ ရေးထားသည့် လုပ်ရိုးလုပ်စဉ်တွေက လွယ်ကူပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်မှုက နည်းနည်းမှ စိတ်လှုပ်ရှားစရာမကောင်းပေ။
နောက်တစ်ခုက သူတို့သားအမိမှာ နောက်ခံမရှိသလို အားကိုးစရာမိသားစုမရှိမှန်း တစ်ယောက်ယောက်က သိသွား၍ဖြစ်မည်။လုပ်ငန်းကောင်းပြီးနောက် အကာအကွယ်ပေးခဆိုပြီး ခဏခဏလာကောက်တတ်သည့် ရိုက်စားတွေလည်းရှိလာသည်။တစ်လကို တစ်ခါ၊ နှစ်ခါ သုံးခါလောက်ဆိုပေငြား အစားအသောက်တွေ အများကြီးယူသွားက သည်းမခံနိုင်စရာပင်။
မင်ချွင်းက ဆုံးရှုံးမှုကို မခံစားချင်သောကြောင့် အကြိမ်အနည်းငယ်အကြာတွင် တာဝန်ရှိသူထံသို့ တိုက်ရိုက်သတင်းပို့ခဲ့သည်။ အဆင့်တိုင်းတွင် သူ့အား ခက်ခဲစေခဲ့သည်သာမက၊ ရဲအရာရှိများနှင့် အရာရှိများကိုပင် ကိစ္စချောမွေ့စေရန် ငွေအနည်းငယ်လည်း သုံးစွဲခဲ့ရသည်။ ရလဒ်အနေနှင့်၊သူ ပိုက်ဆံပေးရသောသူက လမ်းဘေးလူမိုက်မှ ရဲအရာရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သည်းမခံနိုင်သောအဖြစ်မှ သည်းခံရသောအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ခုသာ၊တေးခြောက်ဆယ်က သူ၏ လက်ဖွာသော အသုံးစရိတ်ကို တကယ်မတတ်နိုင်ဖြစ်နေသည်။သူ့ဆိုင်ကို စပြီး ဆောက်တုန်းက တေးသုံးဆယ် ကုန်ကျခဲ့သည်။ဆိုင်ဖွင့်သည်က အမြဲ ပြုပြင်စရိတ်တချို့ကုန်သည်။ဆယ်တေးပြောင်သွားပြီး အစိုးရကိုထပ်ပေးပြီးနောက် လက်ထဲတွင် ငွေ ထက်ဝက် လျော့သွားသည်။ ကံကောင်းထောက်မစွာဖြင့် လျန်ဖိ(ခေါက်ဆွဲအေး)လုပ်ငန်းကကောင်းနေသည်။ရဲမက်များအတွက် လစဉ် ငွေ များကို နှုတ်လိုက်လျှင်ပင် တစ်တေးနှစ်တေး ရနိုင်သေးသည်။