နှိုင်းသည် ရက်ကောင်းတစ်ရက်ရွေးကာ ကွန်ဒိုသို့ ကဗျာနှင့်အတူ ပြောင်းရွေ့ခဲ့သည်။ ကွန်ဒိုတစ်ခန်းလုံးတွင် ကဗျာ့စိတ်တိုင်းကျပြုပြင်ထားပြီးဖြစ်သည်။ ကဗျာလိုချင်သမျှ ဖြည့်ဆည်းပေးကာ လိုအပ်မည်ထင်သည့်အရာအားလုံး ဖြည့်ဆည်းပေးထားသည်။ ထိုသို့ဖြည့်ဆည်းပေးရခြင်းအပေါ် နှိုင်းသည် အလွန်ပျော်နေမိသည်။
ကဗျာ့၏ company တစ်ခုလုံးသည်လည်း နှိုင်းလက်ထဲသို့ရောက်နေခဲ့ကာ နှိုင်း၏ ချုပ်ကိုင်မှုအောက်တွင်ရှိနေသည်။ ကဗျာသည်လည်း ပန်းချီဆွဲခြင်းအလုပ်ကိုသာ စိတ်နှစ်လာခဲ့သည်။ ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေကာ သူမသိချင်သောအကြောင်းများအား နှိုင်းထံတွင်သာ မေးမြန်းခဲ့သည်။
LAC Company သည်လည်း ထိပ်ဆုံးသို့ရောက်လာကာ ပန်းချီ၏ company နှင့် အပြိုင်အဆိုင်ရပ်တည်နေသည်။ ဖြုတ်ချနိုင်မည့် နည်းလမ်းပေါင်းစုံအား ကြိုးစားနေသည်။ နှိုင်း၏ စိတ်သည် စီးပွါးရေးလောကတစ်ခုလုံးအား ထိန်းချုပ်လိုနေသည်။ ကဗျာ့အား သူမတစ်ယောက်ထဲသာပိုင်လိုသည်။
နှိုင်းသည် စီးပွါးရေးလောကတွင် ကြောက်စရာကောင်းသော လူတစ်ယောက်အဖြစ်ရပ်တည်ခဲ့သည်။ နှိုင်းအား မည်သူတစ်ဦးတစ်ယောက်မှ အပြစ်မပြုရဲ ၊ မဝေဖန်ရဲပေ။ သူမအားစိတ်အနှောင့်အယှက်ဖြစ်စေသည့် မည်သူမဆို စီးပွါးရေးလောကမှ ပျောက်ကွယ်သွားရသည်။
လောကကြီးအတွင်းမှ မည်သည့်သက်ရှိ သက်မဲ့တစ်ယောက်မှ ကဗျာ့အားပိုင်ဆိုင်ခွင့်မပေးနိုင်ပါ။ ယခုကဲ့သို့ ကဗျာ့အား အခန်းထဲတွင် ပိတ်ထားခြင်းသည် ဥပဒေအရ မဖြစ်နိုင်သင့်သည့် ကိစ္စပင်ဖြစ်သော်လည်း နှိုင်းသည် ဂရုမစိုက်ခဲ့ပါ။ ရက်အတော်ကြာသည်အထိ နှိုင်းသည် ကဗျာ့နဘေးတွင်အဖော်ပြု၍ နေပေးသည်။ ကဗျာ့အားပျော်ရွှင်စေသည်။
အတူတူရှိနေသည့်ရက်များစွာကြာခဲ့ပြီဖြစ်သော်လည်း ကဗျာ့၏စိတ်ဆန္ဒမပါဘဲ သူမ ဘာမှမလုပ်ခဲ့ပေ။ ပိုင်ဆိုင်နိုင်ရန်ကြိုးစားခဲ့သည့်တိုင် အပိုင်ယူနိုင်ရန် ကျူးလွန်ခဲ့ခြင်းတစ်ခုမှ မရှိပါပေ။ နှိုင်းသည် စီးပွါးရေးလောကတွင် ကြောက်စရာကောင်းသည့်တိုင် ကဗျာ့အရှေ့တွင်တော့ ချစ်စရာ စကားနာခံတတ်သည့် ယုန်ပေါက်လေးပမာရှိသည်။

YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)