Part (37) Unicode

33 3 3
                                    

ထိုညက ကဗျာ ပင်ပန်းလွန်း၍ နှိုင်းအိမ်တွင်သာ အိပ်ပျော်သွားသည်။ နှိုင်းသည် ထိုညတစ်ညလုံး မအိပ်နိုင်ခဲ့ပါ။ သူမ လုပ်လက်စနှင့် သိမ်းလိုက်ရသော အလုပ်များအား ထိုင်လုပ်ရင်းဖြင့် ချစ်ရသူအားငေးကြည့်နေမိခဲ့သည်။ ညအတော်နက်သည်အထိ နှိုင်းသည် အလုပ်လုပ်နေခဲ့သည်။

ကဗျာနှင့် ရင်းနှီးမှုသည် တိုးတက်လာသည် ဆိုသော်ငြား ပန်းချီ့အားဖြုတ်ချနိုင်မည့် သူမအစီအစဉ်အား လက်လွှတ်ခံ၍ မရပေ။ ယခုဆိုလျှင် ပန်းချီ့၏ လုပ်ငန်းသည် သိသိသာသာပင် တိုးချဲ့လာသည်။ ထို့ကြောင့် နှိုင်းသည်လည်း LAC အား တိုးချဲ့ရန် လုံးပန်းရတော့သည်။

မည်မျှပင် အလုပ်များနေပါစေ ကဗျာ့အား အချိန်ပေးဖို့လည်း သူမ မမေ့။ အလုပ်ရှုပ်နေသည် ဖြစ်လင့်ကစား ကဗျာ ရောက်လာသည်နှင့် သူမ အလုပ်အားရပ်တန့်လိုက်သည်။ နောက်မှသာ အချိန်ပိုအနေဖြင့် အစားထိုး၍ အလုပ်ပိုလုပ်သည်။

ညအတော်နက်သည်အထိ နှိုင်းအလုပ်လုပ်နေပြီးနောက် အလုပ်လုပ်သည့် နေရာတွင်ပင် အိပ်ပျော်သွားခဲ့သည်။ ကဗျာသည်တော့ မည်မျှပင်ပန်းလာခဲ့သည် မသိ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေတော့သည်။ မနက်မိုးလင်းခါစအချိန်တွင် ရာသီဥတုသည် အနည်းငယ် ချမ်းစိမ့်လာသဖြင့် နှိုင်းအိပ်ပျော်နေရာမှ နိုးလာသည်။ ထို့နောက် အိပ်ယာထဲတွင် သက်တောင့်သက်သာ အိပ်ပျော်နေသော ကဗျာ့အား စောင်ဖြင့် လွှမ်းခြုံပေးလိုက်တော့သည်။

နှိုင်းသည် ဆက်အိပ်မပျော်တော့၍ ကဗျာ့အား ထိုင်၍ ငေးကြည့်နေသည်။ ကဗျာသည် ယခုကဲ့သို့ သူမမျက်စိရှေ့တွင် အပူပင်ကင်းကင်းဖြင့် အိပ်ပျော်နေသည်အား မနက်တိုင်းလိုလို မြင်ချင်လာသည်။ ကဗျာ့အား ပိုင်ဆိုင်ချင်သည်။ ကဗျာ့အား လွတ်လပ်စွာပင် အချစ်တို့ ဖွင့်ဟချင်သည်။ သူမကမ္ဘာတစ်ခုလုံးအား ကဗျာ့အပြုံးများနှင့် အလှဆင်ချင်သည်။ အချိန်တိုင်းလိုလို ငေးကြည့်ခွင့်ရသူသည် သူမသာဖြစ်ချင်သည်။

အချိန်အတော်ကြာသည်အထိ ငေးကြည့်နေပြီးနောက် နှိုင်း၏ စိတ်ဓာတ်ရိုင်းတို့ ဝင်ရောက်စပြုလာသည်။ ပြေပြစ်စွာ မှေးစင်းနေသော မျက်တောင်ရှည်လေးများအား နမ်းရှိုက်ချင်လာသည်။ အချင်းချင်းထိလုထိခင် ဖြစ်နေသော မျက်ခုံးတန်းတန်းလေးများအား ထိတွေ့ချင်နေသည်။ ဖြူဥနေသော ပါးမို့မို့ထက်အနမ်းခြွေချင်သည်။ တင်းတင်းစေ့နေသော နှုတ်ခမ်းလေးအား စူးစိုက်ကြည့်မိချိန်တွင် နှိုင်းလည်ချောင်းတို့ ခြောက်ကပ်လာသည်။

ပြိုကျလျက်ရှိသော မိုးရိပ်Where stories live. Discover now