Part (38) Zawgyi

16 0 0
                                    

ကဗျာ နှစ်ရက်လောက် ဖုန်းဆက်ပိတ်ထားပြီးနောက် သူမဖုန်းအားပြန်ဖွင့်လိုက်သည်။ သူမဖုန်းထဲသို့ ph call များနှင့် message များဝင်နေသည်။ အများစုမှာ ပန်းချီထံမှဖြစ်သည်။ မာမီကိုတော့ ဖုန်းဆက်မပိတ်ခင်တွင် စိတ်မပူဖို့ကြိုပြောထားသောကြောင့် မာမီထံမှ ဖုန်းခေါ်ဆိုမှုများ ရှိမနေပါ။

နှစ်ရက်ခန့် ကဗျာ အား ရှာမတွေ့၍ ပန်းချီရင်ထဲမီးတောက်ခဲ့ရသည်။ ပန်းချီ ဖုန်းတွေဆက်တိုက်ခေါ်သော်လည်း စက်ပိတ်ထားသည်ဟူသော အသံသာကြားရသည်။ ကဗျာနှင့် ရင်းနှီးသော သူငယ်ချင်းအပေါင်းအဖော်များထံတွင် မေးကြည့်မိသော်လည်း ကဗျာ့အား မတွေ့ဟုဆိုသည်။

ပန်းချီနှင့် ခင်အား အမြင်လွဲသွားသည့်အပေါ်  ပန်းချီပြန်ဖြေရှင်းလိုသည်။ ကဗျာရောက်လာမည်မှန်းမထင်ထားမိ၍သာ ခင့်အား ထိုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းပင်။ အစည်းအဝေးများရှိနေ၍ ဖုန်းအား အသံပိတ်ထားမိကာ ကဗျာ့ထံမှ စာများ ပို့ထားသည်အား သူမမသိလိုက်။

မည်သည့်အချိန်တွင် ကဗျာရောက်လာခဲ့သည်အား မသိလိုက်သော်လည်း ပွင့်နေသော တံခါးကြောင့် ကဗျာရောက်လာခဲ့မှန်း ပန်းချီသိလိုက်သည်။ ထိုစဉ်ကတည်းက တောက်လျောက်ဖုန်းခေါ်လိုက်သော်လည်း ကဗျာ့၏ ဖုန်းသည် စက်ပိတ်သွားခဲ့ပြီ။

ချစ်သူတစ်ယောက်အား တခြားသောမိန်းကလေးတစ်ယောက်နှင့် တွေ့လိုက်ရခြင်းသည် မည်မျှခံရခက်ကြောင်း ပန်းချီကောင်းကောင်းနားလည်ပါသည်။ အထူးသဖြင့် ထိုမိန်းကလေးသည် သူမအား သဘောကျသည်ဟု ဝန်မခံထားသော်လည်း ချစ်နေမှန်းရိပ်မိနိုင်သည့် အနေအထားပင်။

တကယ်တမ်းတော့ ခင် ပန်းချီအပေါ်သို့ စိတ်များ မရိုးသားခဲ့သည်အား ပန်းချီသိခဲ့သည်။ ထိုအကြောင်းအရာအတွက် မသိချင်ယောင်ဆောင်ခဲ့ခြင်းသာ။ ကဗျာ့အားလက်မလွတ်နိုင်အောင် ချစ်မိခဲ့ပြီးနောက် ခင်နှင့်လည်း သူငယ်ချင်းအဖြစ်သာ ရှေ့ဆက်ခဲ့သည်။ ခင်သူမအပေါ်တွင် မေတ္တာရှိနေမှန်း သိလိုက်ရသည့်အချိန်တွင် ပန်းချီသည် ကဗျာ့အပေါ်တွင် ပျော်ဝင်ခဲ့ပြီးပြီ။ ခင်သည် သူမအား ဖွင့်ဟ ဝန်ခံမည့်သူ မဟုတ်သည်မှာ သေချာနေ၍ သူငယ်ချင်းအဖြစ် လက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်။

ပြိုကျလျက်ရှိသော မိုးရိပ်Tempat cerita menjadi hidup. Temukan sekarang