ကဗျာသည် နှိုင်း၏ တိုက်ခန်းသို့ရောက်ရောက်ချင်းပင် အိမ်တံခါးအားပိတ်ပြီး ထိုင်ခုံပေါ်သို့ထိုင်ချလိုက်သည်။ ကဗျာ၏ ရင်တွင် နာကျင်ခြင်းမှ အပ တခြားသောအရာများမခံစားရပါ။ မှောင်ရီနေသော အခန်းအား မီးထထွန်းချင်စိတ်လည်းမရှိပါ။ စိတ်နှင့်ကိုယ် ကင်းကွာနေသော လူတစ်ယောက်အဖြစ်သာ အရုပ်ကြိုးပျက်ထိုင်နေခဲ့သည်။
ကဗျာ့၏ စိတ်နှလုံးတို့တွင် ပူလောင်ခြင်းအား ခံစားနေရသည်။ ထိုအပူမီးအား မည်သို့မည်ပုံ ငြှိမ်းသက်ရမည်အား သူမ မသိ။ သူမ ပန်းချီ့အား ဆုံးရှုံးရမှာ ကြောက်သည်။ ပန်းချီ တခြားတစ်ယောက်အား ချစ်မိသွားမှာကြောက်သည်။ ပန်းချီ သူမအပေါ် အချစ်တို့ ယုတ်လျော့သွားမည်စိုးသည်။
သို့သော် ကဗျာ့၏ မာန အရ ပန်းချီ့အားမတောင်းဆိုနိုင်။ ဆုံးရှုံးရမှာကြောက်နေသည့်တိုင် မထွက်သွားဖို့ မတောင်းဆိုခဲ့ပါ။ အဆုံးသတ်ရမည့်အခြေနေသို့ရောက်လာခဲ့လျှင် ကဗျာသည် ကျန်ရစ်ခဲ့သူမဖြစ်စေရ။ သူမသည် ချန်ရစ်ခဲ့သူသာဖြစ်ရမည်။ နှလုံးသားတို့ ကွဲကြေရမည့်အတူတူ သူမ မာနအား မနင်းချလိုပါ။
နှိုင်းပြန်လာသည့်အချိန်အထိ ကဗျာသည် ထိုခုံပေါ်တွင် ထိုင်လျက်သားပင်။ သူမ၏ စိတ်နှင့် ခန္ဓာကင်းကွာနေသော ပုံစံသည် နှိုင်းအား ထိပ်လန့်သွားစေပါသည်။
နှိုင်းအခန်းထဲဝင်၍ မီးဖွင့်လိုက်ချိန်တွင် တွေ့လိုက်ရသော ကဗျာကြောင့် အံ့ဩရသည်။
"ကဗျာ"
"....."
ကဗျာထံမှစကားသံတို့ တိတ်ဆိတ်နေကာ နှိုင်းရှိရာဘက်သို့ပင် လှည့်မကြည့်။
"ကဗျာရှိနေတာလား နှိုင်းက မီးတွေမဖွင့်ထားသော ကဗျာပြန်သွားပြီထင်နေတာ ဘာလို့မီးတွေပိတ်ထားတာလဲ ကဗျာ တစ်ခုခုဖြစ်နေတာမဟုတ်လား ဘယ်သူနဲ့ ဘာဖြစ်လာလို့လဲဟင် နှိုင်းကိုပြောပြပါ စိတ်ပူအောင်မလုပ်ပါနဲ့"
မူမမှန်သော ကဗျာ့၏ ပုံစံကြောင့် နှိုင်း စိတ်တို့ပို၍ ပူပန်လာရသည်။ နှိုင်းအိမ်သို့ရောက်ရောက်ချင်း မှောင်မည်းနေသော အခန်းကြောင့် ကဗျာပြန်သွားပြီလားဟုတွေးကာ စိတ်မကောင်းဖြစ်ခဲ့သေးသည်။ ယခုတွင်တော့ စိတ်မကောင်းခြင်းအပြင် ပူပန်ခြင်းသောကများပါ ခံစားနေရသည်။

YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)